Evergrande က ဒီဇင်ဘာလတွင် စီမံကိန်းပေါင်း ၁၁၅ ခုကို ပြီးပြတ်ရန် ရည်မှန်းထား


27 December, 2021

Evergrande က ဒီဇင်ဘာလတွင် စီမံကိန်းပေါင်း ၁၁၅ ခုကို ပြီးပြတ်ရန် ရည်မှန်းထား

ကြွေမြီ ဒေါ်လာ ၃၀၀ ဘီလီယံကျော်ရှိသည့် ကမ္ဘာ့ကြွေးမြီအများဆုံး အိမ်ခြံမြေ developer ဖြစ်တဲ့ China Evergrande Group ရဲ့ ဥက္ကဋ္ဌက ဒီဇင်ဘာလတွင် အိမ်ခြံမြေ အလုံးရေ ၃၉,၀၀၀ ပေးအပ်ရန် ကတိပြုထားပြီး  ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး တိုးတက် ဖြစ်ပေါ်မှုူများလည်း ရရှိခဲ့ကြောင်း၊ ယခင်သုံးလအတွင်း ၁၀,၀၀၀ ကျော်ပြီးစီးခဲ့ကြောင်း ဒီဇင်ဘာလ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။

Evergrande က ငွေချေးစာချုပ်ကိုင်ဆောင်သူများ၊ ဘဏ်များ၊ ပေးသွင်းသူများနှင့် ဝယ်ယူသူများထံ နေအိမ်များ ပေးအပ်ရန် ရုန်းကန်နေရပါတယ်။

ကုမ္ပဏီဥက္ကဋ္ဌ Hui Ka Yan က Evergrande တွင်  ဝန်ထမ်းများအား မည်သူမျှ ရေသာခိုခြင်း မပြုဖို့၊ အရောင်းပြန်စရန်နှင့် အကြွေးများပြန်ဆပ်နိုင်စေရန် နေ့မအားညမနား လုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ပါတယ်လို့ Evergrande ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။


"ဒီလမှာ ငါးရက်ပဲကျန်တော့တယ်၊ ဒီလမှာ အခန်းခုရေ ၃၉,၀၀၀ အခန်းသော့အပ်နိုင်ဖို့ ရည်မှန်းချက်ကို ပြည့်မီအောင် အားလုံးကို ပြီးပြတ်အောင် လုပ်ရမယ်" လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
"ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အပြည့်အဝပြန်လည်စတင်ခြင်းဖြင့် ဒီဇင်ဘာလတွင် စီမံကိန်းပေါင်း ၁၁၅ ခုကို ပေးအပ်ရန် အစီအစဉ် ရှိထားကြောင်း"  ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


Evergrande က ပစ္စည်းပေးသွင်းသူများနှင့် စာချုပ်ပေါင်း ၆.၈၆၉ ခု  ချုပ်ဆိုပြီး အလှဆင်ကုမ္ပဏီများနှင့် ရေရှည်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးသွင်းသူများ၏ ၈၀% ကျော်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 

Global Read 442 times