Evergrande ဘီလျံနာ ဥပဒေငြိစွန်းသဖြင့် ပြန်ရောင်းခဲ့ရတဲ့ ဩစတေးလျမှ Villa del Mare စံအိမ်တော်ကြီး


18 October, 2021

ပြိုလုလု ဖြစ်နေတဲ့ အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းစုကြီး Evergrande ရဲ့ Evergrande ထူထောင်သူ ဘီလျံနာ  Xu Jiayin က ဩစတေးလျနိုင်ငံမှာ ဝယ်ယူထားတဲ့ စံအိမ်တော်ကြီးတစ်လုံးကို ဥပဒေနဲ့ မညီညွှတ်တာကြေင့် မလွှဲမရှောင်သာ ပြန်ရောင်းခဲ့ရပါတယ်။ 
အဲဒီစံအိမ်တော်ကြီးကို အမေရိကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 
၂၀၁၅ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိမ်ကြီးက ဆစ်ဒနီမြို့တော် အရှေ့ပိုင်း မှာ တည်ရှိပါတယ်။ 
ဩစတေးလျမှ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ နိုင်ငံခြားသားများ လူနေအိမ်များ ဝယ်ယူခြင်း တားမြစ်ပိတ်ပင်ထားပါတယ်။ အဲဒီဥပဒေနဲ့ ငြိစွန်းတာကြောင့် ဝယ်ထားတဲ့ အိမ်ကြီးကို ပြန်ရောင်းထုတ်လိုက်ရပါတယ်။ ရေပြင်ကျယ်ကို ငေးမေကြည့်ရှုလို့ ရတဲ့  Point Piper ဆိုတဲ့ နေရာကောင်းမှာ ဆောက်လုပ်ထားတဲ့ Villa del Mare အမည်ရှိ အိမ်ကြီး ဖြစ်ပါတယ။ 
Xu Jiayin က အိမ်ကြီးကို ဝယ်ယူခဲ့တာမှာ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိတာ ပေါ်ပေါက်ခဲ့ပြီး ယခုလို ပြန်ရောင်းထုတ်လိုက်ရတာ ဖြစ်ပါတယ်။ 
ဩစတေးလျမှာ လူနေအိမ်ခြေကို နိုင်ငံခြားသား ဝယ်ယူတဲ့အခါ Foreign Investment Review Board ထံမှ အတည်ပြု ခွင့်ပြုချက် ရယူဖို့ လိုအပ်ပါတယ်။ 
Mr Xu က  Villa del Mare စံအိမ်တော်ကြီးကို ဩစတေးလျ ကုမ္ပဏီတစ်ခုမှ တစ်ဆင့် ဝယ်ယူခဲ့တာ ဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်နေသူများက သိသွားခဲ့ပြီး တရုတ် အိမ်ရာအဆောက်အဦလုပ်ငန်းစုအတွက် ဩစတေးလျကုမ္ပဏီက နာမည်ခံပေးထားတာလိ့ အဆုံးအဖြတ်ပြခဲ့ကြပါတယ်။ ဒီတော့ အရောင်းအဝယ်ဟာ ဥပဒေချိုးဖောက်ရာ ရောက်နေပါတယ်။ Mr Xu ကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ရောင်းချရန် နို့တစ်ပေးခဲ့ပါတယ်။ 

Villa del Mare ရဲ့ ယခင်ပိုင်ရှင်က ဝန်ထမ်းရှာဖွေ‌ရေး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လုပ်ငန်းရှင် Villa del Mare ဖြစ်ပြီး အိမ်ကို ပြန်ရောင်းဖို့ ၂၀၁၄ ခုနှစ် ဩဂုတ်လမှာ စာရင်းတင်ခဲ့ပါတယ်။  Mr Xu က သိုသိုသိပ်သိပ်ဖြင့် အောက်တိုဘာလမှာ ဝယ်ယူခဲ့ပါတယ်။ နိုဝင်ဘာလမှာ အရောင်းအဝယ်ကိစ္စများ ပြီးပြတ်ခဲ့ပါတယ်။ ဩစတေးလျမှာ လုပ်ငန်းမှတ်ပုံတင်ထားတဲ့ Golden Fast Foods Pty Ltd အမည်ပေါက်ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

dailymail.co.uk

 

 

 

 

 

 

Laws and Regulations Read 1255 times