ကြွေးနွံနစ်နေသည့် ကမ္ဘာ့အကြီးမားဆုံး ဘောလုံးကွင်းအားကစားရုံ တရုတ်အစိုးရ လက်လွှဲရယူ


12 December, 2021

တရုတ်အာဏာပိုင်တို့က တရုတ်ပြည် ကွမ်ကျိုးတွင် ကြွေးနွံနစ်နေသော Evergrande ၏ ဆောက်လုပ်ဆဲဖြစ်သည့် ကမ္ဘာ့အကြီးမားဆုံး ဘောလုံးကွင်း အားကစားရုံကို လက်လွှဲ ယူလိုက်ပြီ ဖြစ်သည်။


အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းစုကြီး ဖြစ်သော China Evergrande Group မှ ဆောက်လုပ်ရင်း တန်းလန်း ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ရပ်ထားရသည့် ဘောလုံးကွင်း အားကစားရုံကြီးကို ကမ္ဘာ့ဗိသုကာလုပ်ငန်း Gensler က ဒီဇိုင်းထုတ်ပေးသည်။ အရှေ့တိုင်းမှ ကြာပန်းပုံကို ပုံဖော်ထားသည်။
ပရိသတ်ဝင်ဆန့်သည့် ဦးရေအရ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးကွင်း အားကစားရုံ ဖြစ်မည်။ မူလက ၂၀၂၂ တွင် ဆောက်လုပ်ပြီးစီးရန် လျာထားသည်။
 အဆိုပါအားကစားရုံကြီးကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ပါသည်။
 ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလျံ ဖြစ်သည်။
 Evergrande သည် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကျော် အကြွေးတင်နေသဖြင့် ၂၀၂၁ ဩဂုတ်လတွင် ငွေကြေးအကျပ်အတည်းကြောင့် စီမံကိန်း ရပ်ဆိုင်းခဲ့သည်။ ‌ထို့နောက် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လက်ထဲသို့ ထည့်လိုက်ရသည်။ အာကစားရုံကို ရောင်းချရန် စီစဉ်နေသည်။ ဝယ်မည့်သူ မရရှိပါက နိုင်ငံပိုင် လုပ်ငန်းဖြစ်သည့် Guangzhou City Construction Investment Group က တာဝန်ယူရမည် ဖြစ်သည်။

 

 

Global Read 7545 times