ဗီယက်နမ်မှ Eurowindow


21 November, 2020

ဗီယက်နမ်နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သည့်Eurowindow က ၎င်း၏ ပထမဆုံးနိုင်ငံခြားကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် မြို့တွင် တောင်ဥက္ကလာပမြို့နယ် ရာဇသင်္ကြန်လမ်းတွင် ၁၆ မတ် ၂၀၁၇ တွင် ကျင်းပခဲ့သည်။

အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုုပ်နှံရာ၌ ဗီယက်နမ်သည် ဒုတိယအများဆုံး ဖြစ်ပြီး ရန်ကုန်မြို့တွင် ယခင် စက်မှု(၁)ဝန်ကြီးရုံးနေရာ၌ တည်ဆောက်ခဲ့သော မြန်မာပလာဇာနှင့် မီလီယာဟိုတယ်တို့သည် ထင်ရှားသည်။

ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သတိပြုမိစေသည်။ မကြာသေးခင်က ကြေညာခဲ့သော ဆက်သွယ်ရေးအော်ပရေတာ

MyTel သည်လည်း ဆက်သွယ်ရေးနယ်ပယ်၌ ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး စတုတ္ထမြောက်အော်ပရေတာအဖြစ် ဝင်ရောက်လာပြီ ဖြစ်သည်။

ဗီယက်နမ်နိုင်ငံမှနာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သည့်Eurowindowသည် ‘အရည်အသွေးသည်သာ အခရာ’ ဟူသည့် ၎င်း စွဲကိုင်ထားသော ဆောင်ပုဒ်နှင့် အညီ လုပ်ဆောင်သွားမည်ဟု သိရသည်။

Eurowindow သည် ဆောက်လုပ် ရေး လုပ်ငန်းသုံးပစ္စည်းကဏ္ဍရှိ Kommerling ၊Technal၊ Roto ၊ Bunka ၊ Giesse နှင့်Saint-Gobain အပါအဝင်

နိုင်ငံတကာလုပ်ငန်းကြီးများနှင့် မဟာဗျူဟာကျ တွဲဖက် လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Eurowindow သည် ပြည်တွင်းဈေးကွက် ဝယ်လိုအား ဖြည့်တင်းရန်အတွက် ဗီယက်နမ်ရှိ ၎င်း၏ စက်ရုံများမှ ထုတ်ကုန်များကို မှာယူတင်သွင်းကာ ဆောင်ရွက်မည် ဖြစ်သည့်အပြင် လာမည့် ၂ဝ၁၉ ခုနှစ်တွင်

မြန်မာနိုင်ငံတွင် စက်ရုံတစ်ရုံကိုလည်း တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေကြောင် သိရသည်။

ထို့အပြင်Eurowindow နှင့် မိတ်ဖက်ပြုရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ပစ္စည်းကိရိယာများ၊ နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်ပစ္စည်းဖန်တီးခြင်း၊ ဆောက် လုပ်ရေးလုပ်ငန်းခွင်များတွင် တိုက် ရိုက်တပ်ဆင်ပေးခြင်းတို့ကို

ပြုလုပ် ပေးသွားမည်ဖြစ်ပြီး နည်းပညာ သစ်များ၊ ထုတ်ကုန်သစ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်သိရှိ နေစေရန်နှင့် ဈေးကွက်ဝေစု မြင့်တက်လာရေးအတွက် နှစ်စဉ်သင် တန်းပေးခြင်းများကိုလည်းပြုလုပ် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Events Read 79 times