အိုးအိမ် ပိုင်ဆိုင်မှု မပြုတော့မယ့် အီလွန်မတ်စ် အိမ်သုံးလုံး ၂ ရက်အတွင်း ရောင်းချ

05 January, 2021

၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှာ အမေရိကန် ထိပ်တန်းလုပ်ငန်းရှင်းတစ်ဉီးဖြစ်ပြီး Tesla လျှပ်စစ်ကား ထုတ်လုပ်မှုကြောင့် ကျော်ကြားတဲ့ ဘီလျံနာ အီလွန်မတ်စ်က ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများ အားလုံးနီးပါး ရောင်းချပစ်မယ်။ အိမ်တစ်လုံးမှ ပိုင်ဆိုင်တော့မှာ မဟုတ်ဘူးလို့ တွစ်တာမှာ ကြေညာခဲ့တယ်။


သူ့လက်ထဲမှာ အိမ်ကြီးအိမ်ကောင်း ခုနစ်လုံး ရှိတယ်လို့ သိရပါတယ်။ 

 

သူ့အိမ်တွေဟာ  ကယ်လီဖိုးနီးယား ပြည်နယ် လော့အိန်ဂျယ်လိစ်တစ်ဝိုက် တောင်ကုန်းတွေ ထူထပ်တဲ့ Bel-Air မှာ တည်ရှိပါတယ်။ 

 

၂၀၂၀ ပြည့်နှစ် ခရစ်စမတ် မတိုင်ခင်မှာ အိမ်ကြီးအိမ်ကောင်း သုံးလုံးကို ရောင်းပစ်လိုက်တယ်။
အိမ် သုံးလုံး ရောင်းရငွေ စုစုပေါင်းက အမေရိကန်ဒေါ်လာ ၄၀.၉ သန်း ဖြစ်တယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။ 


လျှပ်စစ်ကား ထုတ်လုပ်ရေး Tesla  လုပ်ငန်းနဲ့ အာကာသယာဉ်ပို့ဆောင်ရေးလုပ်ငန်း  SpaceX  တို့ရဲ့ စီအီးအို ဖြစ်သူ အီလွန်မတ်စ်ဟာ ကာလရှည်ကြာနေထိုင်ခဲ့တဲ့ ကယ်လီဖိုးနီးယားမှ အိမ် သုံးလုံးကို ရောင်းချပြီး တက္ကဆက်
ပြည်နယ်မှာ ပြောင်းရွှေ့နေထိုင်တော့မယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ သူပိုင်ဆိုင်တဲ့ အိမ်ကြီး အိမ်ကောင်း ခုနစ်လုံး ရှိပါတယ်။ ခန့်မှန်းတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၃၇ သန်း ဖြစ်ပါတယ်။

မေလမှာ အိမ်တွေ တစ်လုံးမှ ပိုင်ဆိုင်တော့မှ မဟုတ်ကြောင်း ကြေညာပြီးတဲ့နောက် ဇွန်လမှာ အိမ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၉ သန်းဖြင့် ရောင်းလိုက်ပါတယ်။ ဒုတိယအိမ်ကိုတော့ အောက်တိုဘာလမှာ အမေရိကန်ဒေါ်လာ ၇ သန်းဖြင့် ရောင်းလိုက်ပါတယ်။ 

ဒီဇင်ဘာလ ၂၁ နဲ့ ၂၂ ရက်တို့မှာ အထက်မှာ ဆိုခဲ့တဲ့ အိမ်သုံးလုံးကို ရှေ့ဆင့်နောက်ဆင့် ရောင်းချခဲ့ပါတယ်။


ဈေးအများဆုံးရတဲ့ အိမ်က အမေရိကန်ဒေါ်လာ ၂၉.၇၂ သန်း နဲ့ ဈေးတည့်ခဲ့ပါတယ်။ အဲဒီအိမ်ကို အီလွန်မတ်စ်က ၂၀၁၆ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပြီး အခု ရောင်းလိုက်တာ သူဝယ်တုန်းကထက် အမေရိကန်‌ဒေါ်လာ ၅ သန်းခွဲ  ပိုရခဲ့ပါတယ်။ ခေတ်ဆန်ဆန် ဗိသုကာဖြင့် ဆောက်လုပ်ထားတဲ့ အိမ်ဟာ တစ်ဧကခွဲ ခြံဝင်းကျယ်ထဲမှာ တည်ရှိပြီး အိပ်ခန်း ၆ ခန်းပါတယ်။ ရေချိုးခန်း ခုနစ်ခန်း ပါတယ်။ ကြမ်းခင်းဧရိယာ ၉,၃၀၉ စတုရန်းပေ ရှိတယ်။ တောင်ကုန်း နံရံမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ရေကူးကန်လည်း ရှိပါတယ်။


အဲဒီအိမ်ကြီးရဲ့ လမ်းတစ်ဘက်မှာ ရှိတဲ့ အိမ်ကြီးကိုလည်း အီလွန်မတ်စ်က ပိုင်ဆိုင်ပြီး ရောင်းချလိုက်တဲ့အထဲမှာ ပါဝင်ပါတယ်။ ရောင်းလိုက်တဲ့ အိမ်သုံးလုံးမှာ ဒုတိယနေရာမှာ ရှိပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၆.၇၇ သန်း ဖြစ်ပါတယ်။ အဲဒီအိမ်ကို အီလွန်မတ်စ် ၂၀၁၉ မှာ ဝယ်စဉ်ကထက် အမေရိကန်ဒေါ်လာ ၃၇၅,၀၀၀ ပိုရရှိပါတယ်။ ၁၉၆၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ကိုလိုနီခေတ် ဗိသုကာ လက်ရာ ဖြစ်ပါတယ်။ အိပ်ခန်း ၄ ခန်းနဲ့ ရေချိုးခန်း ၅ ခန်း ပါတယ်။ ကြမ်းခင်းဧရိယာ ၃,၉၄၃ စတုရန်းပေ ဖြစ်ပါတယ်။ အဲဒီအိမ်မှာ ၂၀၁၀ ခုနှစ််မှာ သား ၅ ယောက်နဲ့အတူ အိမ်ငှားအဖြစ် နေထိုင်ခဲ့ပြီးမှ ဝယ်ဖြစ်သွားတာ ဖြစ်ပါတယ်။

ဈေးအနည်းဆုံး အိမ်ကတော့ အမေရိကန်ဒေါ်လာ ၄.၄၃ သန်း ရရှိပါတယ်။ တစ်ထပ်အိမ် ဖြစ်ပါတယ်။ အခုပြောပြခဲ့တဲ့ အိမ်ကြီး နှစ်လုံး တည်ရှိတဲ့ လမ်းမှာပဲ တည်ရှိတဲ့အိမ် ဖြစ်ပါတယ်။

အရွယ် အသေးဆုံးလည်း ဖြစ်ပါတယ်။ အိပ်ခန်း ၄ ခန်း နဲ့ ရေချိုးချန်း ၄ ချန်း ပါတယ်။ ကြမ်းခင်းဧရိယာ ၂,၉၆၃ စတုရန်းပေ ဖြစ်ပါတယ်။ အဲဒီအိမ်ကို မတ်စ်က ၂၀၁၅ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄.၃ သန်း ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

 


 

သူပြောခဲ့တဲ့ စကားအတိုင်း တကယ်ကို အိမ်တွေ ရောင်းချပစ်ခဲ့တာ ဖြစ်ပါတယ်။ 

Real Estate & Properties Read 1611 times