ဓာတ်လှေကားလက်ခလုတ်များအား ခြေနင်း အဖြစ်အစားထိုးမည်


01 March, 2020

ကိုရိုနာရောဂါ ဖြစ်ပွါးနေတဲ့ကာလမှာ လူအများထိတွေ့နေတဲ့ ဓာတ်လှေကားခလုတ်များ ကို မိမိ လက်ဖြင့်ထိတွေ့မိတာက အရမ်း အန္တရာယ်များလှပါတယ်။ဒီတစ်ခါမှာတော့ ဘန်ကောက်က ဈေးဝယ်စင်တာတစ်ခုကကိုဗစ်ဖြစ်ပွါးရေးထိန်းချုပ်နိုင်ရင် လက်နှိပ် ဓာတ်လှေကားခလုတ်များ အားခြေနင်း အဖြစ်အစားထိုးခဲ့ပါတယ်။

 

ထိုသို့ ဓာတ်လှေကားခြေနင်းခလုတ်များ အစားထိုးခြင်းကို ရောဂါဖြစ်နေလို့ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကမှ ပြန်လည်ဖွင့်လှစ်တဲ့ Seacon Square ဈေးဝယ်မောလ်မှာ ဓာတ်လှေခြေနင်းခလုတ်များ ထည့်တွင်းကာ ဓာတ်လှေကား ပြန်လည်တည်ဆောက်ထားတာတွေ့ရပါတယ်။

 

၎င်းမောလ်ကြီးအနေနဲ့ ယခုမှာ ထိုသို့ခြေနင်း ဓာတ်လှေကား ၁ ခုပဲ ထည့်သွင်းထားရပေမယ့် နောက်ပိုင်းမှာ သူတို့ ပိုင်တိုင်တဲ့ ဓာတ်လှေကား ၁၅ ခုလုံးကို ခြေနင်း ခလုတ်များအဖြစ်ပြောင်းလဲတော့မှာပါလို့ Seacon မောလ်ရဲ့ ဒုအုပ်ချုပ်ရေးမှုး Prote Sosothikul ကပြောပါတယ်။

 

ပထမဦးဆုံး အပေါ် နဲ့ အောက်ခြေနင်းနှစ်ခုကို ဓာတ်လှေကားရှေးမှာ ထားမယ် ဓာတ်လှေကားကို အပေါ် တက်မယ်အောက်ဆင်းမယ်ဆိုတာ ဈေးဝယ်သူတွေခေါ်လို့ရအောင်လို့ ။ ဓာတ်လှေကားထဲရောက်ရင်တော့ အလွှာအသီးသီး ခြေနင်းတစ်ခုစီလုပ်ပေးထားမယ် အဆိုပါ မောလ်ဆို ကားပါကင်အပါအဝင်အလွှာက ၇ ထက်ရှိတယ်။

 

အခုဆိုရင် ဓာတ်လှေကားထဲလူ ၆ ယောက်သာပေးဝင်တယ် ဈေးဝယ်သူတွေလုံခြုံရေးအတွက် ခြေနင်းပြားစတေကာလေးတွေ ၇ ပြားကပ်ထားပေးတယ်။ထိုသို့ဓာတ်လှေကား ပြန်ပြင်ဖို့အတွက်ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၆၃၀ လောက်နီးနီးရှိတယ်လို့ သိရပါတယ်။

 

ယိုးဒယား နိုင်ငံဆိုရင်တော့ဖြင့် ကိုရိုနာရောဂါဖြစ်ပွါးသူ ၃၀၃၇ ယောက်ရှိပြီး သေဆုံးသူ ၅၆ ယောက်ရှိတယ်သိရပါတယ်။ယခုဆိုရင်တော့ ရောဂါကူးစက်ခံရသူ လူနာအသစ်ထက်မတွေ့ရတော့ပါဘူး။မောလ်ထဲကိုဝင်မယ်ဆိုလူတွေက သူ့ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြရပါတယ်သည့်အပြင် မော်နီတာ စကန်နဲ့ ကိုယ်အပူချိန်တိုင်းရပါတယ်။

 

ယခုဆိုရင် ယိုးဒယား မှာ App တစ်ခု Thai Chana ဆိုတဲ့ App အသစ်ထွက်လာပါတယ်။ဒါကတော့ မောလ်တွေမှမဟုတ်ပါဘူး သင်သွားမယ့် အဆောက်အအုံမှာ လူဘယ်နှစ်ယောက်ရှိနေလဲဆိုတာကြည့်လို့ ရတဲ့ App မျိုးပါ။

Office and Retail Read 125 times