၂ဝ၂၂ - ၂ဝ၂၃ ခုနှစ်တွင် ကျးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင်မျှော်မှန်းထား


04 December, 2020

လာမည့်၂ဝ၂၂-၂ဝ၂၃ခုနှစ်တွင်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံးလျှပ်စစ်မီးရရှိနိုင် မျှော်မှန်းထားကြောင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေးခန်းမ၌ ပြုလုပ်သည့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲတွင်တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးမှ ပြောသည်။


မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း၄၈ဝ၇ရွာအနက်မှ ကျေးရွာ်ပေါင်း၂၇၄၂ရွာမှာလျှပ်စစ်မီးရရှိနေပြီးမီးရရှိရန်ကျန်ရှိသေးသည့် ကျေးရွာများကို၂၀၂၂-၂၀၂၃ခုနှစ်တွင်မီးရရှိရန်မျှော်မှန်းထားကြောင်းသိရသည်။

“နှစ်နှစ်တာကာလအတွင်းလျှပ်စစ်မီးရရှိရေးအတွက်၆၆ခွဲရုံဓာတ်အားခွဲရုံ၆ရုံ၊၃၃ခွဲရုံ၁၃ရုံတည်ဆောက်တယ်၊ဓာတ်အားခွဲရုံများအဆင့်မြှင့်တင်ခြင်းကို၅လုံးမှ၁၀လုံးအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊

နှစ်နှစ်အတွင်းမှာ၆၆ခွဲရုံနဲ့၃၃ခွဲရုံ၁၉ရုံ၊အဆင့်မြှင့်တင်တာက၁၅ရုံ၊ ကေဗွီဓာတ်အားလိုင်းက၉၃ဒသမ၂၄မိုင်ကိုအပြည့်ဆွဲနိုင်ခဲ့ပါတယ်” ဟုလျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးဇာနည်အောင်ကထပ်မံဖြည့်စွက် ပြောသည်။


ပြည်ထောင်စုအစိုးရ၏ရည်မှန်းချက်မှာလည်း၂၀၃၀ပြည့်နှစ်တွင်တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း၆၀၀၀၀ ကျော်တွင်လျှပ်စစ်မီးရရှိရန် မျှော်မှန်းထားကြောင်းသိရသည်။


ထို့ပြင် ပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပြတ်တောက်မှုမရှိစေရန်ဓာတ်အားပို့လွှတ်သည့်စနစ်တိုးတက်စေရေး၊လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါကအရေးကြီးသည့်ဌာနများလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန်အရန်

ဓာတ်အားလိုင်းတည်ဆောက်ခြင်းကိစ္စရပ်များကို မကြာခင်ကာလအတွင်စနစ်တကျစီမံကိန်းများချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည်တစ်နှစ်လျှင်၅၅၀မဂ္ဂါဝပ်ခန့်ရှိပြီးလာမည့်နှစ်တွင်၆၃၀မဂ္ဂါဝပ်အထိတိုးမြှင့်အသုံးပြုလာနိုင်မည်ဖြစ်ကာတိုင်းဒေသကြီးအတွင်းရှိ

 

ကျေးရွာမီးလင်းရေးအတွက်တစ်နှစ်လျှင်ကျပ်ငွေကိုးဘီလီယံကုန်ကျခံကာလုပ်ဆောင်နေကြောင်းသိရသည်။

Region Mixed Use and Urban Read 38 times