Electric & Builders Myanmar 2017 ပွဲ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပ


03 November, 2020

နိုင်ငံတကာ အဆင့်မီ ပြပွဲဖြစ်သည့် Builder Myanmar 2017 နှင့် Electric Myanmar 2017 ပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတဲ ဟိုတယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည်။

build 1

ထိုပြပွဲတွင် ပြည် တွင်းမှ လုပ်ငန်းများနှင့်အတူ ပြည်ပမှ လုပ်ငန်း များလည်း ပြသခဲ့သည်။

build 2
အထင်ကရ ဆောက်လုပ်ရေးလုပ်ငန်းကြီးများ ဖြစ်ကြသည့် FMI Garden Develpoment Co. Ltd. A1 Construction Co. Ltd, Taw Win Family Co., Ltd. , Dagon Construction Co., Ltd., Original Group Co., Ltd. တို့၏ ပြခန်းများကို တွေ့ရသည်။

buiilde 4

ပြည်ပနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ တရုတ်၊ အီတလီ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ပြင်သစ်တို့မှ ကုမ္ပဏီၤများ လာရောက်ပြသကြသည်။

select6

ဤပြပွဲကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ကူညီပံ့ပိုးပေးကြောင်း သိရသည်။

select5

အခမ်းအနားဖွင့်ပွဲ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးအေးထွန်းတက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် Myanmar Builders Award 2017 ဆုများ ချီးမြှင့်ပေးခဲ့ရာ FMI Garden Develpoment Co. Ltd. A1 Construction Co. Ltd, Taw Win Family Co., Ltd. , Dagon Construction Co., Ltd., Original Group Co., Ltd. တို့ ရရှိခဲ့ကြသည်။ 

ပြပွဲတွင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းကြီးများမှလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် စွမ်းအင် ရယူသည့် ပစ္စည်းကိရိယာများ ဖြန့်ဖြူးသည့် လုပ်ငန်းများမှ ပြခန်းများလည်း ပါဝင်သည်။

Events Read 38 times