ကညင်ချောင်း စီးပွားရေးဇုန် ဧက ၁၀၀ ထပ်မံတိုးချဲ့မည်


17 November, 2020

မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်ကို ဧက ၁၀၀ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း သိရပါသည်။

ကညင်ချောင်း၏ ရေစူးနက်မှုကြောင့် ရေတက်ရေကျချိန်စောင့်စရာမလိုဘဲ တန်ချိန် ၁၀၀၀ ခန့်အထိရှိသော ကုန်သင်္ဘောများ အချိန်မရွေး ဆိုက်ကပ်နိုင်ခြင်းသည် အားသာချက်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ယခင်က ကညင်ချောင်းစီးပွားရေးဇုန်ကို ဧက ၅၀ ခန့် သတ်မှတ်ထားပြီး လက်ရှိအချိန်အထိ ကွန်ကရစ်ဆိပ်ခံတံတား နှစ်စင်း၊ မြေသားချဉ်းကပ်လမ်း ပေ ၄၂၀၊ ကုန်စည်သိုလှောင်ရုံနှင့် အရောင်းပြခန်း အလုံး ၂၀

တို့ကို တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရပါသည်။

ထိုပြင် ဇုန်မြေအတွင်းရှိ ၄၉ ဒသမ ၅၈ ဧကကို မြေဖို့ခြင်း၊ ကုန်သွယ်ရေးဇုန် အတွင်းရှိ လမ်း ၁ ဒသမ ၅၅ မိုင်ကို အမာခံ ကျောက်ချောလမ်းဖောက်လုပ်ခြင်း၊

ကုန်သွယ်ရေုးဇုန်အား အုတ်တံတိုင်း ကာရံခြင်း၊ ကုန်ချကွင်း နှင့် ကားပါကင် ကျောက်ဖြည့်ပြီး ကွန်ကရစ်ခင်းခြင်း၊ လုံခြုံရေးဝန်းထမ်း အဆောက်အအုံ နှစ်လုံးဆောက်လုပ်ခြင်း၊

အလုပ်သမားနားနေဆောင်နှင့် ဂိုဒေါင်ဆောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ဓာတ်အားပေးစက် ဝါယာသွယ်တန်းခြင်း နှင့် ဓါတ်မီးတိုင်များ စိုက်ထူခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရပါသည်။

ကညင်ချောင်းစီးပွားရေးဇုန်သည် မောင်တောမြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ၊ နတ်မြစ်နှင့် ကညင်ချောင်းဆုံသည့် နေရာတွင်တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဆိပ်ကမ်းနှင့် ၄ မိုင်ခန့်သာ ကွာဝေးကြောင်း သိရပါသည်။

အကယ်၍ စီးပွားရေးဇုန်အတွင်း လမ်းများနှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ လမ်းများကို အဆင့်မြှင့်တင်ပြီးပါက ကုန်းလမ်းမှလည်း မောင်းတောမြို့မှတစ်ဆင့် နယ်စပ်ကုန်သွယ်မှုကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။

Region Factory and Industrial Plant Read 27 times