ကိုလံဘို ကွန်တိန်နာဆိပ်ခံ စီမံကိန်း ဂျပန်နှင့် အိန္ဒိယတို့ကို ရုပ်သိမ်းပြီး တရုတ်လုပ်ငန်းထံ ပေးအပ်


04 December, 2021


သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရဲ့ ပင်လယ်ဆိပ်ကမ်းမှာ အကောင်အထည်ဖော်မယ့် ကွန်ိတိန်နာ ဆိပ်ခံတံတားကို ဂျပန်နှင့် အိန္ဒိယ လုပ်ငန်းများထံ လုပ်ကိုင်ခွင့် ပေးထားခဲ့သည်ကို ရုပ်သိမ်းလိုက်ပြီး တရုတ်နိုင်ငံပိုင် လုပ်ငန်းကို ပေးအပ်လိုက်သည်။
သီရိလင်္ကာသမ္မတ ဂိုတာဘယာ ရာဇပါကသ၏ အစိုးရအဖွဲ့က အဆိုပါ Eastern Container Terminal တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံပိုင် လုပ်ငန်း ဖြစ်သော China Harbour Engineering ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၁၉ ခုနှစ် မေလတွင် အဆိုပါ စီမံကိန်းကို ဆောက်လုပ်ရန် ဂျပန်နှင့် အိန္ဒိယ ဖက်စပ်လုပ်ကိုင်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်မှာ ယခင် သမ္မတ မာသရီ ပါလာဆီရီဆန်နာ လက်ထက်တွင် ဖြစ်ပြီး ဆိပ်ကမ်း တည်ဆောက်ပြီးစီးသည့်အခါ လုပ်ငန်းလည်ပတ်မည့် ကုမ္ပဏီတွင် သီရိလင်္ကာက ၅၁% ပိုင်ဆိုင်မည် ဖြစ်ပြီး ကျန်သည့် ရှယ်ယာဝေစုကို ဂျပန်နှင့် အိန္ဒိယ ကုမ္ပဏီများက ပိုင်ဆိုင်ရန် သဘောတူထားသည်။


သမ္မတ ဂိုတာဘယာ ရာဇပါကသ အစိုးရအဖွဲ့က ဆိပ်ကမ်းကို လည်ပတ်လုပ်ကိုင်မည့် ကုမ္ပဏီကို သီရိလင်္ကာက ရာနှုန်းပြည့် အပြည့်အဝ ပိုင်ဆိုင်ရမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
အခြေခံအဆောက်အအုံအတွက် လိုအပ်သည့် ဘဏ္ဍာရေးအတွက် ချေးငွေကို တရုတ်ကုမ္ပဏီများက ထောက်ပံ့ပေးမည် ဖြစ်ပြီး စီမံကိန်းကိုလည်း တရုတ်ကုမ္ပဏီများက အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

ကိုလံဘိုဆိပ်ကမ်းမှာ ကွန်တိန်နာ ဆိပ်ခံ စီမံကိန်းတစ်ခု ဖြစ်သော West Container Terminal ကို အန္ဒိယမှ Adani Group ကုမ္ပဏီစုကြီးမှ လုပ်ကိုင်ခွင့် ရရှိထားသည်။

Infrastructure and Zones Read 454 times