ထိုင်းအရှေ့စီးပွားစင်္ကြံတွင် အခွန်မဲ့ ကုန်သွယ်ဇုန် ပါဝင်မည့် အရှေ့ပိုင်း လေဆိပ်မြို့တော်စီမံကိန်း


12 August, 2022

ထိုင်းအရှေ့စီးပွားစင်္ကြံတွင် အခွန်မဲ့ ကုန်သွယ်ဇုန် ပါဝင်မည့် အရှေ့ပိုင်း လေဆိပ်မြို့တော်စီမံကိန်း အကောင်အထည်ဖော်မည်

ရိုင် ၆,၅၀၀ အကျယ်အဝန်းပေါ်မှာ အကောင်အထည်ဖော်မယ့် Eastern Airport City (EECa) စီမံကိန်းကို ထိုင်းအစိုးရအဖွဲ့က မတ်လမှာ အတည်ပြုပေးခဲ့ပြီး ၎င်း ဧရိယာအတွင်းမှာ ဧရိယာ ၁,၀၃၂ ကျယ်ဝန်းတဲ့  အကောက်ခွန်မဲ့ ကုန်သွယ်ဇုန် free-trade zone တစ်ခု ထားရှိပေးပါမယ်။ (ရိုင် ၁၀၀ = ၁၆ ဟက်တာ = ၃၉.၅ ဧက)

ပုံတွင် အနီရောင်ဖြင့် ဘောင်ခတ်ပြထားပါတယ်။  ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်ဖို့အတွက် မက်လုံးအစီအစဉ်များလည်း ပါဝင်ပါတယ်။

အရှေ့စီးပွားစင်္ကြံ Eastern Economic Corridor (EEC) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (ပရယုဒ္ဓ စန္ဒြဩဇာ) က အစိုးရအဖွဲ့ အပတ်စဉ် အစည်းအဝေးမှာ အသိပေးပြောကြားခဲ့ရာမှာ အဆိုပါ free-trade zone မှာ ဉပဒေများနှင့် စည်းမျဉ်းစည်းကမ်းများမှ တားမြစ်ချုပ်ချယ်မှုအချို့ ဖယ်ရှားပေးထားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

သွင်းကုန်အပေါ်စည်းကြပ်သော အကောက်ခွန် အပါအဝင်  အခြားသော သွင်းကုန်အစီအမံများအပေါ် လျှော့ပေါ့ပေးခြင်းများ ပေးအပ်မှာ ဖြစ်ပါတယ်။

 Airport City က ရိုင် ၆,၅၀၀ စီးပွားရေး ဇုန်အတွင်းမှာ တည်ရှိပြီး လေကြောင်း ကုန်စည်အပါအဝင် လေကြောင်းပို့ဆောင်ရေးအတွက် ဖြစ်ပါတယ်။ အရှေ့စီးပွားစင်္ကြံ Eastern Economic Corridor (EEC) ရဲ့စီးပွားဇုန် ၇ မျိုးမှာ လေကြောင်းအတွက် ဖြစ်ပါတယ်။

ဇုန် ၇ မျိုးမှာ 

1. EEC for aviation (EECa)

2. EEC for innovation (EECi)

3. EEC for digital (EECd)

4. EEC for the medical hub (EECmd)

5. EEC of genomics (EECg)

6. EEC of high-speed rail (EECh)

7. Digital and High Technology Centre

တို့ ဖြစ်ပါတယ်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများကို Eastern Airport City Project အကြောင်း ရှင်းလင်းတင်ပြနေစဉ်

 

လေဆိပ်မြို့တော်တွင် ကြယ်ငါးပွင့်ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ အခွန်လွတ်ဆိုင်များ၊ Michelin-star စားသောက်ဆိုင်များ၊ ပြပွဲနှင့် စည်းဝေးပွဲခန်းမများနှင့် ဖျော်ဖြေရေးအစီအစဉ်များကဲ့သို့သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် စီစဉ်ထားမှာဖြစ်ပြီး ဖျော်ဖြေရေးဝန်ဆောင်မှုကို တစ်ရက် ၂၄ ရာရီပတ်လည် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek ၏အဆိုအရ အစိုးရက လေဆိပ်စီးတီးရှိ ၂၄  နာရီဖျော်ဖြေရေးဝန်ဆောင်မှုပေးသူများနှင့်အရက်နှင့်စီးကရက်ဖြန့်ဖြူးသူများကိုလည်းအခွန်ခံစားခွင့်များပေးထားပြီး ၁၅ နှစ်အထိ ကော်ပိုရိတ်ဝင်ငွေခွန်ကင်းလွတ်ခွင့် ပေးထားပါမယ်။

၎င်းတို့လုပ်ငန်းများမှ ရရှိတဲ့ အမြတ်ဝေစုများကိုလည်း ကော်ပိုရိတ်ဝင်ငွေခွန်မှ ကင်းလွတ်ခွင့် ပေးထားပါမယ်။ 

 လေဆိပ်စီးတီးတွင် အချို့သော စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားသား အလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့် ပေးမှာ ဖြစ်ပါတယ်။

"EEC ဟာ အနာဂတ်မှာ နိုင်ငံအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လာမယ့် ၁၀ နှစ်တာအတွင်း ကြီးမားတဲ့ အရှိန်အဟုန်နဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ပြီး စိုက်ပျိုးရေး၊ ခေတ်မီစက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ သုတေသန ဆန်းသစ်တီထွင်မှုတွေနဲ့ တိုင်းပြည်ရဲ့ နာမည်ကောင်းကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်" လို့ သူမက ပြောကြားပါတယ်။

#Myanmar Builder Guide

 Telegram Channel https://t.me/Guid4U

Source: Bangkok Post 

Global Infrastructure and Zones Read 713 times