Ease of doing Business


06 December, 2020

အွန်လိုင်းမှ ကုမ္ပဏီမှတ် ပုံတင်စနစ် (MyCo)ကြောင့် လာ မည့် ၂ဝ၂ဝတွင်မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်နိုင်မှု လွယ်ကူ ချောမွေ့ရေး (Ease of doing Business)ညွှန်းကိန်းသိသိသာ သာ ပြောင်းလဲမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြော သည်။

           MyCo မစတင်မီအကဲဖြတ် စစ်တမ်းကောက်ယူ၍ ၂၀၁၉ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်မည့်အစီရင်ခံစာ၌ ညွှန်း ကိန်းသိသိသာသာပြောင်းလဲလာ မည်မဟုတ်သော်လည်း ၂၀၂၀ တွင် သိသိသာသာပြောင်းလဲမည် ဟု ၎င်းကဆိုသည်။

‘‘ဧပြီ ၃၀ မှာ နိုင်ငံအသီးသီး အခြေအနေကို ဖြတ်ပြီးတော့ အ ကဲဖြတ်တာဖြစ်တော့ ဧပြီ ၃၀ မှာ ကျွန်တော် MyCo ကမစတင်ရ သေးတော့ ၂၀၁၉ အစီရင်ခံစာမှာ တော့ သိသိသာသာတိုးတက်မှု တော့မရသေးဘူး။ သို့သော် ၂၀၂၀ အစီရင်ခံစာထွက်ရင်တော့ သေချာအာမခံရဲပါတယ်။ စီးပွား ရေးလုပ်ငန်းစတင်မှုနဲ့ပတ်သက် ရင် သိသာတဲ့ရလဒ်ကောင်းရ မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဦး အောင်နိုင်ဦးက ပြောသည်။

           ယခုနှစ်တွင် မြန်မာနိုင်ငံ သည် စီးပွားရေးလုပ်ကိုင်မှုလွယ် ကူမှုအဆင့် (၁၇၁)ရှိပြီး အာဆီယံ နိုင်ငံများ၌ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ Ease of doing Business သတ်မှတ်ရာတွင် အဆင့် သုံးဆင့်ရှိပြီး စီးပွားရေးလုပ်ငန်း လွယ်ကူစွာစတင်နိုင်မှု၊ လွယ်ကူ စွာလုပ်ကိုင်လည်ပတ်ခြင်းနှင့်လွယ် ကူစွာလုပ်ငန်းပိတ်သိမ်းနိုင်မှုတို့ဖြစ်သည်။ ကုမ္ပဏီမှတ်ပုံတင်ရာတွင်ယခင်က သုံးရက်အစားလက်ရှိတွင် အွန်လိုင်းစနစ်ကျင့် သုံးပါက အများဆုံးနာရီဝက်ခန့် သာ ကြာမြင့်သည်။ ယခင်က ကုမ္ပဏီမှတ်ပုံတင်ရာတွင် ကုန် ကျစရိတ်ကျပ် ၁၀ သိန်းမှ ၂ နှစ် အတွင်း နှစ်သိန်းခွဲအထိလျှော့ချ နိုင်ခြင်းနှင့် ယခင်က ကုမ္ပဏီမှတ် ပုံတင်ရာ၌ ၁၃ ဆင့်ရှိရာမှ ယခုအွန်လိုင်းစနစ်၌ အဆင့်နှစ်ဆင့်သာရှိတော့သည်။

‘‘မှတ်ပုံတင်တာ ခဏလေး ပဲကြာတာပါ။ အလွယ်တကူစီး ပွားရေးလုပ်လို့ရတာပေါ့။ အခု ထိတော့ အဆင်ပြေပါတယ်။ အန်ကယ်တို့ ပြန်မှတ်ပုံတင်တာ တော်တော်လေး အဆင်ပြေပါ တယ်’’ ဟု ပို့ကုန်လုပ်ငန်းရှင် ဦး အေးထွန်းက ပြောသည်။

            မြန်မာနိုင်ငံတွင် အွန်လိုင်း မှတ်ပုံတင်စနစ်ကို ဩဂုတ် ၁ ရက်က စတင်ကျင့်သုံးပြီး ပြည် တွင်းရှိ ကုမ္ပဏီအားလုံးပြန်လည် မှတ်ပုံတင်ရသည်။

Laws and Regulations Read 151 times