ကိုရီးယားနိုင်ငံမှ ၆ဝ ရာခိုင်နှုန်း ၊မြန်မာဘက်မှ ၄ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည့် စက်မှုဇုန်စီ


30 November, 2020

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ညောင်နှစ်ပင်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ သန်း ၁၁ဝ ခန့်ဖြင့် စက်မှုဇုန်စီမံကိန်းတစ်ခုကို ကိုရီးယားနိုင်ငံမှ ရာခိုင်နှုန်း ၆ဝ၊မြန်မာဘက်မှ ရာခိုင်နှုန်း ၄ဝ ရင်းနှီးမြှုပ်နှံကာ

ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။

KMIC (Korea Myanmar Indusrtial Complex)စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် ၅မိုင် ၆ဖာလုံ၏အနောက်ဘက်ညောင်နှစ်ပင်ရွာအနီးတွင် တည်ရှိသည်။

စီမံကိန်း ဧရိယာသည် ၅၅၅ ဧက ခန့်ကျယ်ဝန်းပြီး ကိုရီးယားနိုင်ငံ ကိုယ်စား အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Korea Land and Housing Coorperation(LH)နှင့်

မြန်မာနိုင်ငံ ကိုယ်စားဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့အကျိုးတူပူးပေါင်းဆောင်ရွက် သည့် စီမံကိန်း ဖြစ်သည်။

ယင်းစီမံကိန်းကို ၂ဝ၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် သဘောတူ စာချုပ် (MOA)ချုပ်ဆိုခဲ့ကြောင်း၊စီမံကိန်းတည်ဆောက်ရေးကာလမှာ ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် တွင် စတင်၍

၂ဝ၂၃ ခုနှစ်တွင် အပြီးသတ် မည်ဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဒေါ်လာ သန်း ၁၁ဝ ခန့် ကုန်ကျမည်ဟု တွက်ချက်ထားကြောင်း သိရသည်။

ထိုဇုန်သည် သဘောတူညီသည့်အဆင့် သာ ရှိသေးသည်။MIC အား တင်သည့်အဆင့်တော့ မရောက်ရှိသေး။စက်မှုဇုန်တည်ထောင်ပြီးလျှင် ကိုရီးယားနိုင်ငံမှ စက်ရုံများကို ထိုအထဲကို ထည့်ချင်သည် ဟု သိရသည်။

မြေအသုံးချမှုပုံစံတွင် အသေးစား၊အလတ်စား၊အကြီးစားစက်မှုလုပ်ငန်းများ သာမက One Stop Services အလုပ်သမား သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ပန်းခြံနှင့် ရေဆိုသန့်စင်စက်ရုံ၊စီမံခန့်ခွဲရေး ရုံးနှင့်

အခြားစီးပွားရေးဆိုင်ရာ ဝန်ဆောင်မှု ဇုန်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

MIC အနေနှင့် ခွင့်ပြုပေး၍ ရသော်လည်း စက်မှုဇုန်ထောင်ရန် မြေ ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ခံသည့်မြေနေရာ၊ရွေးချယ်ထားသော နေရာများ ယူမည်။ထို အရာများ ပြည့်စုံပြီဆိုလျှင် MIC ခွင့်ပြုပေးလို့ရပါပြီ။

စက်မှုဇုန် သည်လည်း MIC မှ Promote လုပ်သည့် ကဏ္ဍထဲတွင် ပါသည်။တည်ထောင်မည့် သူများရှိလျှင် ခွင့်ပြုပေးမည်။သတ်မှတ်ထားသော စည်းမျဉ်းများ၊မြေနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရှိရမည်။အဲ့ဒါဆိုလျှင် ခွင့်ပြုမည် ဟုသိရသည်။

Factory and Industrial Plant Read 31 times