ဒွန်မောင်းလေဆိပ် တိုးချဲ့မည့် အစီအစဉ် ကြေညာ


08 July, 2023

ဒွန်မောင်းလေဆိပ် တိုးချဲ့မည့် အစီအစဉ် ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Airports of Thailand Plc (AOT) သည် အနာဂတ်ကို မျှော်ကြည့်ပြီး ရည်မှန်းချက်ကြီးစွာဖြင့် လာမည့် ခြောက်နှစ်အတွင်း ဒွန်မောင်းလေဆိပ်ကို တိုးချဲ့မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာသည်။
AOT စီအီးအို Kirati Kitmanawat ၏ ပြောကြားချက်အရ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့် ၃ ဖွံ့ဖြိုးတိုးတက်ရန် AOT ၏ အရင်းအနှီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အား ဘတ်ငွေ ၃၆ ဒသမ ၈၃ ဘီလီယံဖြင့် အစိုးရအဖွဲ့မှ အတည်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါစီမံကိန်းသည် လက်ရှိတွင် ဒီဇိုင်းရေးဆွဲမှုအဆင့်တွင် ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်ပြီး ဆောက်လုပ်ရေးအတွက် တင်ဒါခေါ်ယူမည်ဟု မျှော်မှန်းထားသည်။
2025 တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦအသစ်များကို ၂၀၂၉ ခုနှစ်တွင် တဆင့်ပြီးတဆင့် လည်ပတ်သွားနိုင်မည်ဖြစ်သည်။

ဒွန်မောင်းလေဆိပ် အဆင့် (၃) ဖွံ့ဖြိုးတိုးတက်ရေး၏ ရည်ရွယ်ချက်မှာ ခရီးသည်များ သွားလာမှု အဆင်ပြေစေရန်၊ လေကြောင်းနှင့် မြေပြင်သယ်ယူပို့ဆောင်ရေးစနစ် နှစ်ခုလုံးအတွက် ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ရန်၊ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် လေဆိပ်တွင် ပြည့်ကျပ်နေသည်ကို လျှော့ချရန် ဖြစ်သည်။

လက်ရှိ လေဆိပ်၏ စွမ်းဆောင်ရည်မှာ တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ကိုင်တွယ်ပေးနိုင်သည်။

တတိယခရီးသည် တာမင်နယ်တစ်ခု ထပ်တိုးပြီးတစ်နှစ်လျှင် ခရီးသည် သန်း ၅၀ အထိ ကိုင်တွယ်ပေးနိုင်ရန် လေဆိပ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးမည်။ နိုင်ငံတကာခရီးသည်များအတွက် စတုရန်းမီတာ ၁၆၀,၀၀၀ ကျယ်ဝန်းသည့် နေရာအကျယ်အဝန်း ရရှိစေမည်ဖြစ်သည်။
Terminal 3 အသစ်သည် နိုင်ငံတကာခရီးသည်များနှင့် နိုင်ငံတကာလေယာဉ်ခရီးစဉ်များကိုသာ  သီးသန့်ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

လက်ရှိ ခရီးသည် တာမင်နယ် ၁ နှင့် ၂ ကို ပြည်တွင်းခရီးသည်များအတွက် ပြန်လည်ပြုပြင်မွမ်းမံသွားမည် ဖြစ်သည်။


ဒွန်မောင်းလေဆိပ်  ဖွံ့ဖြိုးတိုးတက်မှုအား အပိုင်းခြောက်ပိုင်း ခွဲထားမည် ဖြစ်သည်။

ပထမဆုံးအနေဖြင့် လေဆိပ်တောင်ဘက်တွင် Passenger Terminal 3 တည်ဆောက်မှုနှင့်အတူ Aircraft Stand 6 နှင့် ခရီးသည် ပို့ရန် နှင့် လာခေါ်ရန်အတွက် ၇ ထပ်ကားပါကင် အဆောက်အအုံကို ပြုပြင်မွမ်းမံခြင်းတို့ကို ဆောင်ရွက်မည်။

နောက်တစ်ပိုင်းအနေဖြင့် လေယာဉ် ရပ်နားစခန်းများ အပါအဝင် လေဆိပ်မြောက်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မည်။ မြောက်ခြမ်းရှိ နားနေဆောင်များ ချဲ့ထွင်ရေးအပြင် လေကြောင်းလိုင်းရုံးများ ဆောက်လုပ်မည်။ VVIP အထောက်အကူပြု အဆောက်အဦ ဆောက်လုပ်မည်။

အခြားသော အပိုင်းများတွင် လုပ်ငန်းလည်ပတ်မှုဇုန်များ ဆောက်လုပ်ခြင်း၊ ရှိပြီးသား ခရီးသည်တင် တာမင်နယ် အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း အစရှိသည်တို့ကို လုပ်ကိုင်မည်။

ရင်းနှီးမြှုပ်နှံမှုအတွက် AOT ၏ ၀င်ငွေမှ သုံးစွဲမည်။ ဘဏ်ချေးငွေ ရယူခြင်း မပြုချေ။

Source nationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Infrastructure and Zones Read 323 times