အိမ်ရောင်းရာတွင် ရှောင်ရန် ဆောင်ရန် အချက် (၉) ချက်


28 March, 2024

အိမ်ခြံမြေရောင်းချမည့်သူများဟာ၎င်းတို့ရဲ့အလုပ်အကိုင်ကြောင့် သော်လည်းကောင်း၊မိသားစုဝင် များပြားလာတာကြောင့်သော်လည်းကောင်း၊နေရာထိုင်ခင်းပြောင်းရွှေ့လိုမှုကြောင့်သော်လည်းကောင်းအကြောင်းပြချက် အမျိုးမျိုးနဲ့ရောင်းချပြောင်းရွှေ့ရန်စဉ်းစားလာကြပါတယ်။ သို့ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ဈေးကွက်အခြေအနေများအရ အိမ်ရောင်းချခြင်းဟာစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါ တယ်။

အကယ်၍ သင့်အိမ်ဟာ ပတ်ဝန်းကျင်ကောင်း၊အဆောက်အဦးရဲ့အခြေအနေကလည်းကောင်းမွန်သေးတဲ့အခြေအနေ၊ တန်ဖိုးမြင့်တဲ့တည်နေရာစတဲ့အခြေအနေများမှာ ရှိနေတယ်ဆိုရင်တောင် ရှောင်ရှားသင့်တဲ့အချက်တွေကတော့ရှိနေသေးမှာဖြစ်ပါတယ်။

(၁) "မိမိအိမ်အား ကြည့်ကောင်းအောင်ပြင်ဆင်ထားပါ။"
- သင့်အနေနဲ့ကြီးမားတဲ့ငွေကုန်ကျမှုရှိတဲ့ ပြင်ဆင်မှုမျိုး မလိုအပ်ပေမယ့် သင့်ရဲ့ အိမ်ကိုမြင်မြင်ချင်း လိုချင်စိတ် ဖြစ်ပေါ်စေပြီး တန်ဖိုးတစ်ခုဖြစ်နေစေရန်အတွက် လုပ်ဆောင်ရမယ့်အဆင့်လေးတွေတော့ ရှိနေပါတယ်။အဓိကလုပ်ဆောင်ရမည့်အပိုင်းကတော့ အဆောက်အဦးရဲ့ အပြင်ဘက်အစိတ်အပိုင်းများဖြစ်တဲ့ ပြတင်းတခါး၊ အိမ်တံခါးနှင့် မြက်ခင်းပြင်ပါဝင်ပါက မြက်ပင်များညီညာအောင် ဖြတ်ထားခြင်း စသဖြင့်အမြင်အားဖြင့် ကြည့်ကောင်းနေအောင် လုပ်ဆောင် ထားရန်လိုအပ်မှာ ဖြစ်ပါတယ်။

(၂) "အလျှင်စလိုရောင်းချလိုခြင်း"
- နောက်တစ်ခုက မိမိပိုင်ဆိုင်တဲ့အိမ်ကိုရောင်းချရန် ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် အမြန်ဆုံးရောင်းချ နိုင်ရန်စဉ်းစား ခြင်းကလည်း ရှောင်ရှားရမည့်အခြေအ နေတစ်ခု ဖြစ်ပါတယ်။ အလျှင်စလို ရောင်းချလိုခြင်းဖြင့် မိမိရသင့်ရထိုက်သော ဈေးနှုန်းရရှိရန်မလွယ်ကူတဲ့အတွက် လတ်တလော ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးနှုန်း အတက်အကျနဲ့ သတင်းအချက်အလက်များကို လေ့လာစုံစမ်း ရမှာ ဖြစ်ပါတယ်။

(၃) "မကျွမ်းကျင်သောအကျိုးဆောင်များအားအပ်နံှမိခြင်း"
မိမိအိမ်ရောင်းရန်လိုအပ်လာတဲ့အခါမှာ အကျိုးဆောင်များ ဖြင့်ချိတ်ဆက်ပြုလုပ်ရန်အတွက် သင့်တော် ကောင်းမွန်သောအကျိုးဆောင်ကို ရွေးချယ်ခြင်းကလည်းအရေးကြီးတဲ့လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။မိမိအနေဖြင့်လည်း မိမိရောင်းချမည့်အိမ်ယာနှင့် သင့်တော်ကောင်းမွန်သော အကျိုးဆောင်များရဲ့၎င်းတို့လုပ်ကိုင်နေသောကွန်ရက်ကျယ်ပြန့်မှု၊ ဈေးကွက်ကျွမ်းကျင်မှုှနှင့် ရောင်းဝယ်ခြင်းလုပ်ငန်း ဆောင်တာ များကို အစမှဆုံးခန်းတိုင်အောင် နိုင်နိုင်နင်းနင်း ပြုလုပ်နိုင်သူ ဟုတ်မဟုတ်စသောအ ချက်အလက်များကို တက်နိုင်သလောက်လေ့လာသိရှိရမည်ဖြစ်ပြီး သင့်တော်ကောင်းမွန်သည့်အ ကျိုးဆောင်ထံ အပ်နံှရန် လိုအပ်မှာဖြစ်ပါတယ်။

(၄) "ဈေးနှုန်းမြင့်မားစွာသတ်မှတ်ထားခြင်း"
များသောအားဖြင့် စိတ်ထဲမှာထင်နေတဲ့ မိမိအိမ်ယာရဲ့ တန်ဖိုးဟာ အမှန်တကယ်ပေါက်ဈေးထက်များနေ တတ်ပါတယ်။ မိမိအနေနဲ့အမှန်တကယ်ပေါက်ဈေးထက်များပြားစွာ ဈေးနှုန်းသတ်မှတ်ထားခြင်း ကိုရှောင်ရှားရန်လိုအပ်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းသတ်မှတ်တဲ့အခါမှာ လတ်ရှိဖြစ်ပေါ်နေသောဈေး ကွက်အခြေ အနေနှင့် ကာလတန်ဖိုး တို့ကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ရန်လိုအပ်မှာ ဖြစ်ပါတယ်။

(၅) "အိမ်၏ အပျက်အစီးအခြေအနေများအား ထိန်ချန်ထားခြင်း"
အိမ်ဝယ်ယူရန်အတွက် ဝယ်ယူသူဘက်မှလည်း ကြိုက်နှစ်သက်၍ ဝယ်ယူရန်ဆုံးဖြတ်လိုက်ပြီး အိမ်၏အသေးစိတ်အခြေအနေများအားကြည့်ရှု့လေ့လာစဉ်မှာအသေးစားအပျက်အစီးများကို တွေ့ရှိပြီးငွေပေးချေရန် လက်တွန့်သွားနိုင်ပါတယ်။အသေးစားအပျက်အစီးလေးအားထိန်ချန်ထားမှုကြောင့် နောက်ပိုင်း ဖြစ်လာ နိုင်ခြေများကိုတွေးပြီး အရောင်းအဝယ် ပျက်သွားနိုင်ပါတယ်။ ဒါကြောင့်မိမိအိမ်၏လတ်ရှိအနေ အထားများကိုအမှန်တကယ်ဝယ်ယူရန်စိတ်ဝင်စားသူများအား အသေးစိတ်အသိပေးသင့်ပါတယ်။

(၆) "အကျိုးဆောင်နှင့်အဆက်အသွယ်ပုံမှန်မရှိခြင်း"
အိမ်ရောင်းမထွက်မှီ မိမိအိမ်ရောင်းချရန်အတွက် အပ်နံှထားသောအကျိုးဆောင်များနှင့် ပုံမှန်အဆက်အသွယ် မလုပ်ခြင်းကလည်း ရှောင်ရှားရမည့်အမှားတစ်ခုဖြစ်ပါတယ်။ အကျိုးဆောင်နှင့်ပုံမှန် အဆက်အသွယ်ပြုလုပ် ပေးခြင်းဖြင့် မိမိအိမ်၏ ဈေးကွက်အတွင်း ဖြစ်ပေါ်နေမှု၊ အခြားရောင်းချရန် ရှိသည့်မိမိ အိမ်နှင့် အခြေအနေတူ အိမ်များရဲ့ ရောင်းဈေး စသည်တို့အပြင် ဝယ်ယူသူများဘက်မှ ပေးချေလိုသောမိမိအိမ်၏ တန်ဖိုးစသည့် တိုပါသိရှိနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်သိရှိရန်ကတော့ မိမိအပ်နံှ ထားတဲ့ အကျိုးဆောင်ဟာ အခြားသော အပ်နံှသူများလည်း ရှိနေတာကြောင့် ကာလတစ်ခုအဆက်အသွယ်ပြတ်တောက်သွားပါက မိမိအိမ်ရောင်းချခြင်းဟာ ပထမ ဦးစားပေးဖြစ်ရန် သေချာတော့မည် မဟုတ် ပါဘူး။

(၇) "စိတ်မရှည်ခြင်း"
အိမ်ရောင်းချခြင်းက (၁)ပတ် (၂)ပတ်အတွင်းရောင်းချရန် မလွယ်ကူတဲ့အတွက် အချိန်တိုအတွင်း မိမိအိမ်ယာ ရောင်းထွက်သွားရန် မျှော်လင့်ခြင်းကလည်းရှောင်ရှားရမည့် အမှားတစ်ခုဖြစ်ပါတယ်။မိမိ မျှော်လင့်ထားတဲ့ အချိန် ကာလအတွင်းရောင်းမထွက်တဲ့ အခါမှာ ဈေးနှုန်းကိုလျှော့ပြီး ရောင်းချရန် ဆန္ဒမစောပါနှင့်။အကျိုးဆောင်နှင့်အဆက်အသွယ်လုပ်ပြီး နောက်တဆင့် ဘာလုပ်ရမည်ဆိုသည်ကို ဆွေး နွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့်တော့(အခြားစာရွတ်စာတမ်းကိစ္စများမပါ) အိမ်အ ရောင်းအဝယ်ဖြစ်ရန်အတွက် အချိန် ၃ လမှ ၆ အထိ လိုအပ်မှာဖြစ်ပါတယ်။

(၈) "ဈေးနှုန်းညှိ့နှိုင်းရန်ဆန္ဒမရှိခြင်း"
အိမ် အရောင်းအဝယ်ဟာ များသောအားဖြင့် မိမိသတ်မှတ် ထားသောဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ရန် မလွယ်ကူခြင်းကို မိမိအနေနဲ့သိရှိရန်လိုအပ်မှာဖြစ်ပါတယ်။ မိမိစိတ်ထဲမှ အနိမ့်ဆုံး ရောင်းနိုင်မည့်ဈေးနှုန်းအားဈေးနှုန်းညှိ့နှိုင်းနိုင်ခြေအတွက် အနည်းငယ်ပေါင်းပြီး တန်ဖိုးသတ်မှတ် ရန်လိုအပ်မှာဖြစ်ပါတယ်။ ဝယ်ယူသူများဘက်မှ အိမ်၏လိုအပ်ချက်များကို ရှာဖွေပြီး ဈေးနှုန်းညှိ့နှိုင်းခြင်းဖြင့် အကျိုးအမြတ်များ ဖြစ်ပေါ်နိုင်သည် ဆိုသည်ကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

(၉) "နောက်ဆုံးအမှား"
မိမိအိမ်အား ဝယ်ယူမည့်သူနှင့် အကြမ်းဖျဉ်းသဘောတူမှု ရရှိပြီဆိုပါက အိမ်အရောင်းအဝယ်စာချုပ်ချုပ် ဆိုရန်လိုအပ် လာပြီဖြစ်ပါတယ်။ အရောင်းအဝယ်စာချုပ်ပြုလုပ်ခြင်းကလည်းအိမ်အရောင်းအဝယ်ကိစ္စရပ်များအတွက် အရေးကြီးသော အပိုင်းဖြစ်ပါတယ်။အချို့သောအိမ်ရောင်းသူများဟာ အရေးကြီးသော နောက်ဆုံးအခြေအနေရောက်မှ အမှားများပိုမိုလုပ်ဆောင် တတ်ကြတာကြောင့်မိမိအနေဖြင့်လည်းအချိန်ယူပြီး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ခြင်းဖြင့် နောက်ပိုင်းဖြစ်ပေါ်လာ နိုင်သော အပိုငွေကုန်ကျမှုကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Myanmar Builders Guide

Laws and Regulations Tips Read 234 times