ထူးထူးခြားခြား အဆောက်အဦများ


17 November, 2020

1.The Upside-Down House

ပိုလန်မြောက်ပိုင်းတွင်တည်ရှိသော Szymbarkဟူသော ရွာလေးတွင် ခရီးသွားများအား ဆွဲဆောင်ရန်အတွက် ဇောက်ထိုးမိုးမျှော်အိမ်အား တည်ဆောက်ထားသည်။

အပြင်ပိုင်းကကြည့်မည်ဆိုလျှင်အိမ်က ဇောက်ထိုးဖြစ်နေပြီး အိမ်အတွင်းမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအတွက် ဇဝေဇဝါ ဖြစ်စေနိုင်ပါတယ်။

ထိုအိမ်အား ၂ဝဝ၇ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အိမ်ရဲ့ဒီဇိုင်းကိုတော့ Daniel CraPiewski က ကွန်မြူနစ်ခေတ် နောက်ဆုံးပိုင်းမှာ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ပါတယ်။

ပိုလန်မြောက်ပိုင်းကအနောက်တောင်ဘက်ကျသော Gdansk ၏၃၉ကီလိုမီတာ အကွာရှိ Szymbarkတွင်တည်ရှိသည်။ယခုချိန်မှာတော့ ခရီးသွားဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နေပါတယ်။

အိမ်ကတော့ သစ်ပျဉ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အတွင်းပိုင်းကတော့ ၁၉၇ဝခုနှစ်က ကွန်မြူနစ်ခေတ်က ပရိဘောဂများ ဖြင့်ဖွဲ့စည်းထားသည်။

 


2. Crooked House

ပိုလန်ကနောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Crooked House အဆောက်အဦတစ်ခုရှိပါသေးတယ်။Jan Marcin Szancer နဲ့ Per Dahlberg တို့ ဒီဇိုင်းရေးဆွဲထားသည်။

အမှန်တကယ်က အိမ်တစ်လုံး မဟုတ်ပါဘူး။Shopping Complex တစ်ခုပင်ဖြစ်သည်။

သူတို့အခေါ်အရဆိုရင်တော့ Krzywy Domek ဖြစ်ပြီး အင်္ဂလိပ်အရတော့ Crooked House ဖြစ်ပါတယ်။

၃ထပ်အဆောက်အဦ တစ်ခုဖြစ်ပြီး shopping centre နဲ့ Service Center တွဲလျက်ရှိသည်။

အပေါ်ထပ်ကို ထပ်ဖို့အတွက်ဆိုရင် လှေကား သာမက ဓာတ်လှေကား ပါရှိသည်။

 

3.Shoe House

ကမ္ဘာပေါ်တွင် Shoe House ပုံစံများစွာ ရှိသည့်အထဲမှာ တောင်အာဖရိကတွင်၁၉၉ဝ ခုနှစ်က Ron Van Zyl တည်ဆောက်ခဲ့သော shoe house တစ်လုံးလည်း အပါအဝင်ဖြစ်သည်။

Van Zylရဲ့ သစ်သားရုပ်ထုများ ပြသထားသော နေရာတစ်ခုလည်းဖြစ်သည်။အပန်းဖြေစရာအမျိုးမျိုးစသည်တို့စုပေါင်းတည်ရှိရာ နေရာ shoe သည် အခန်းရှစ်ခန်း ပါဝင်သော   

တည်းခိုရာ၊စားသောက်ဆိုင်၊ရေကူးကန်နှင့် ဘားများပါ, ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။

Global Tips Read 30 times