ကမ္ဘာ့ထင်ရှား အဆောက်အဦ ၆ ခု ဗိသုကာ အပေါ်တည့်တည့်မြင်ကွင်း


01 January, 2020

ကမ္ဘာ့ထင်ရှား အဆောက်အဦ ၆ ခု ၏ အပေါ်တည့်တည့်မှ မြင်ရပုံကို budget direct travel insurance မှ ဒီဇိုင်းပညာရှင်တစ်စုက

မှတ်တမ်းတင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှ အီဖဲတာဝါ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ရွှေတိဂုံစေတီတော်၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ လေဘာတီရုပ်တု အစရှိသည်တို့ ပါဝင်ပါတယ်။

အဲဒီအဆောက်အဦတွေကို လူအများတို့ရဲ့ နေ့စဉ်ဘ၀မှာ အောက်ကနေ အပေါ်သို့သာ မေ့ကြည့်ကြတယ်။ အပေါ်တည့်တည့်က မြင်ဖူးဖို့ဆိုတာ ခဲယဉ်းပါတယ်။
အခုလို အပေါ်တည့်တည့်က မြင်ရတဲ့အခါ အမြင်ဆန်းနေပြီး ဒီဇိုင်းထုတ်တဲ့ ဗိသုကာပညာရှင်တွေရဲ့ အပေါ်တည့်တည့်မှ ကြည့်ရင် မြင်ရမယ့်အနေအထား ပုံသဏ္ဍာန်တို့ စိတ်ကူးပုံဖော်ခဲ့ပုံတွေကို ရိပ်စားမိစေပါတယ်။ လေဘာတီရုပ်တုဟာ ထောင့်ချွန် ၁၁ ခု ပါတဲ့ ကြယ်ပုံပေါ်မှာ တည်ဆောက်ထားတယ်။ ရွှေတိဂုံစေတီတော်ကို မန္တလစတုရန်းဖြင့် အခြေပြုထားတယ်။ အီဖဲတာဝါက ပိရမစ် ဖြစ်နေတယ်။

 

Architecture Read 177 times