အက်စတိုးနီးယားဗိသုကာကျောင်းမှ ဒုတိယ နှစ်ကျောင်းသားများမှ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည့်လှေကားထစ်တာဝ


22 November, 2020

ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် မြန်မာ့မီးရထားရုံး ချုပ်ဟောင်းနေရာရှိ အိမ်ရာ အခန်းများကို စတင်ရောင်းချ မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း လုပ်ကိုင်ခွင့်ရ FMI ကုမ္ပဏီက မတ်လ ၂၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းသည် ကန် ဒေါ်လာ သန်း ၇ဝဝ ကျော်တန် ရိုးမစင်တာ စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး အဆင့်မြင့် ဇိမ်ခံ အိမ်ရာ ၉၆ ခုပါဝင်သည့် The Peninsula Residences Yangon စီမံကိန်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

စီမံကိန်းတည်ဆောက်ထားသည့် မြေဧရိယာသည် ၁ဝ ဧက ကျယ်ဝန်းပြီး အထပ် ၂၆ ထပ်ရှိ တာဝါနှစ်ခုနှင့်ဟိုတယ် ပါဝင်မည်ဖြစ်ကာ ၂ဝ၂၁ တွင် ဆောက် လုပ်ပြီးစီးမည်ဖြစ်သည်။

ထိုအဆောက်အအုံများ၏ ပုံစံသည် မြန်မာ့ယဉ်ကျေးမှု အနုပညာရှေးဟောင်းလက်ရာများကို အခြေခံ၍ ထိပ်တန်းဒီဇိုင်းဗိသုကာ ပညာရှင်များက တည်ဆောက်မည်ဟုဆိုသည်။

၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်းသည် အိမ်ခြံမြေစီမံကိန်းတွေရဲ့ စံပြဖြစ်လာမည်ဖြစ်သည်။

အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးစီမံကိန်းဖြစ်လာသည်ဟု FMI ကုမ္ပဏီဥက္ကဋ္ဌ မှ ပြောသည်။

အဆိုပါစီမံကိန်းကို FMI ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီYoma Strategic ကုမ္ပဏီနှင့် The HongKong and Shanghai Hotels (HSH)တု့ိက ပူးတွဲရောင်း ချမည်ဖြစ်ပြီး စတင်ရောင်းချမည့်အချိန်နှင့်ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

ယင်းစီမံကိန်းတွင် Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင်နှုန်း၊ ဂျပန် Mitsubishi ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ International Finance Corporation (IFC) က ၅ ရာခိုင်နှုန်းနှင့် Asian Development Bank (ADB)က ၅ ရာခိုင် နှုန်းဖြင့် အကျိုးတူ ပူးပေါင်းထားသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်တည်ရှိပြီး ရန်ကုန်မြို့၏ သက်တမ်းအရှည်ဆုံးနှင့် နာမည်ကျော်ကိုလိုနီခေတ် အဆောက်အအုံဖြစ်သည့်

ယခင်မီးရထားရုံးချုပ်ဟောင်းကို ပြန်လည် ပြုပြင်တည်ဆောက်နေသည်။

Public Housing Read 187 times