ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးကဏ္ဍ၌ ဆုံးရှုံးမှုများပြား့သဘောထားနေခြင်းများကိုင်တွယ်


05 December, 2020

အမေရိကန်ဒေါ်လာဈေးမြင့်တက်လာခြင်းသည် ပြည်ပမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ၉ဝ ရာခိုင်နှုန်း နီးပါးခန့်ကို တင်သွင်းနေရသော မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍအပေါ်

အကြီးအကျယ်ရိုက်ခတ်မှုရှိနေပြီး ဆုံးရှုံးမှုများစွာရှိနေကြောင်း တော်ဝင်မိသားစုကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ် မြန်မာဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အဖွဲ့ဝင်ဖြစ်သူ ဦးကိုကိုထွေးက ကွန်ဒိုမီနီယမ်ဥပဒေနှင့် ဆောက်လုပ်ရေးကဏ္ဍ၌ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပက်သက်၍ သြဂုတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပန်ပစိဖိတ်ဟော်တယ် ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

          ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်နှင့် ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ် Naing Group ကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်သော ဦးကျော်နိုင်ဦးတို့ သည် မြန်မာ့ဆောက်လုပ်ရေးကဏ္ဍအတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပက်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

 

          မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍ၌ အသုံးပြုရသော လုပ်ငန်းသုံးပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပြည်ပ မှ ဝယ်ယူတင်သွင်းနေရခြင်းကြောင့် ဒေါ်လာဈေးမြင့်တက်လာခြင်းသည် ယင်းကဏ္ဍအပေါ် ရိုက်ခတ်မှုများစွာရှိ နေသည်။ ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တန်ဖိုးမြင့်တက်လာခြင်း တို့မှာ ဆက်စပ်လျက်ရှိသည်။ သဲနှင့် ကျောက်စရစ်လုပ်ငန်းတို့မှာလည်း ဒီဇယ်ဆီများကိုအသုံးပြုနေရသော ကြောင့် မြန်မာ့ငွေကြေးထက် ဒေါ်လာဈေးတန်ဖိုးမြင့်တက်လာချိန်တွင် ဒီဇယ်ဈေးနှုန်းမှာလည်း မြင့်တက်လာ မည်ဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသည်။

 

          ယင်းစိန်ခေါ်မှုများအားလုံးသည် မြန်မာ့ ဆောက်လုပ်ရေးကဏ္ဍအပေါ် တိုက်ရိုက်အချိုးကျနေသည်။ နောက်ထပ်အချက်တစ်ချက်မှာ ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် လူသုံးကုန်ပစ္စည်းများ မြင့်တက်သွား ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများသည် တရိပ်ရိပ်မြင့်တက်လာသော ကုန်ဈေးနှုန်း၊ အစားအသောက်နှင့် အဝတ်အစားတန်ဖိုးတို့ကြောင့် အိမ်ခန်းဝယ်ယူခြင်း နှင့် နေရာထိုင်ခင်းတို့အပေါ် အာရုံမစိုက်နိုင်သေးကြောင်း ဦးကိုကိုထွေးက ဆိုခဲ့သည်။

 

           ဦးတင်မောင်ဝင်းက “အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုဟာ ဆောက်လုပ်ရေးကဏ္ဍသာမက အခြားကဏ္ဍ များအပေါ်မှာလည်း ကြီးမားတဲ့သက်ရောက်မှုကြီး ရှိနေပါတယ်။ ဒါကြောင့် ဒေါ်လာဈေးမြင့်တက်လာပြီး မြန်မာ့ ကျပ်ငွေဈေးကျဆင်းလာမှုကို ဖြေရှင်းဖို့နည်းလမ်းများ ရှာဖွေဖို့လိုအပ်ပါတယ်” ဟု ဆိုခဲ့သည်။

Global Tips Read 35 times