စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ ဒါလေးတစ်ခုတော့ သိထားပါ


20 January, 2020

မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်ကို မျှဝေလိုက်ပါတယ်

မိမိဝယ်ယူလိုသော မြေကွက်ကို မဝယ်သေးမီ ပထမဆုံးအနေနဲ့ အမည်ပေါက်ဟုတ် / မဟုတ် ကိုလည်းကောင်း၊ အရှုပ် အရှင်း ရှိ/မရှိ နှင့် မြေပုံ ရာဇဝင် စစ် / မစစ် တို့ကိုလည်းကောင်းသေချာစွာစစ်ဆေးရန် လိုအပ်ပါတယ်။

အဆိုပါ အချက်များအားလုံးစစ်ဆေးပြီးသောအခါတွင် အောက်ဖော်ပြပါ အချက်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(1)- စရံစာချုပ်ချုပ််ဆိုရန် (စရံစာချုပ်ကို ကတိစာချုပ် ဟုလည်း ခေါ်ပါသည်။)

(2)- ဖော်ပြပါ မြေကွက် အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ပါကြောင်း သတင်းစာ ကြော်ငြာထည့်ရန်။

(3)- ကြောငြာပါသည့်နေ့မှစ၍ (၁၄) ရက် အထိ စောင့်ကြည့်ရန်။

(4)- ကြော်ငြာပါသည့်ရက်မှ (၁၄) ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက နောက်တစ်ရက်တွင် ငွေ ပေး ချေရန်။ (ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် အရောင်းအဝယ်လုပ်ငန်း ဆက်လက်ဆောင်ရွက်လို့ မရနိုင်သောကြောင့် ကန့်ကွက်သူ များ နှင့် အဆင်ပြေအောင် ညှိနှိုင်းခြင်းကို အိမ်ရှင်ဘက် မှ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့် အရောင်းအဝယ်လုပ်ငန်းတွင်လည်း ဖော်ပြပါ ကန့်ကွက်ခဲ့သူများပါ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။)

(5)- လျော့ချုပ်တစ်စောင်ချုပ်ရန် (အမည်ပေါက်လုပ်ရန် လျော့ချုပ်တစ်စောင်ချုပ်ရသည်။)

(6)- ပိုင်ရှင်အနေဖြင့် ဝယ်ယူသူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန််။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း / မြေကွက် အမှတ်၊ မှတ်ပုံတင်မူရင်း၊ စရံ စာချုပ်မိတ္တူများယူဆောင်၍ အိုးအိမ် / စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ပေးရပါမည်။)

(7)- ရောင်းချသည့် အိမ်၏တန်ဖိုး အား ရာဖြတ်အဖွဲ့မှ ဖြတ်ထားသည့် တန်ဖိုး အတိုင်းအခွန်ဆောင်ရန်။ (အဆိုပါ အခွန်အား ရာပြတ်ဌာနကို ပေးဆောင်ရမည်ဖြစ်ပါသည်။)

(8)- ငွေအကျေချေ သည့်အချိန်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်။

(9)- မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပစ္စည်းလွှဲပြောင်းယူရန် အတွက် ဝယ်ယူထားသော အိမ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီး) အရောင်းအဝယ်စာချုပ်၊ ဂရံ စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများ ယူဆောင်၍ အိုးအိမ် (သို့မဟုတ်) စည်ပင်ရုံး တွင် အမည်ပြောင်းရန်။

(အမည်ပြောင်းသည့်အခါတွင် လက်ရှိ အရောင်း အဝယ်ပြုလုပ်လျှက်ရှိသော အိမ်၊ မြေ ၏ အစ မှ အဆုံး ထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်း အစုံအလင်ဖြင့် သွား၍လုပ်ဆောင်ရမည်ဖြစ်ပါသည်။)

 

၂၀၂၀ ပြည့်နှစ်တွင် ရက်စွဲရေးရန် အကြောင်းပေါ်ပါက ဥပမာ 31/01/2020 ကို 31/01/20 ဟု မရေးသင့်ပါ။

အခြားသူတစ်ဦးက ၎င်းရက်စွဲကို ပြင်ဆင်ရေးသားနိုင်သည် ဥပမာ 31/01/2000 သို့မဟုတ် 31/01/2019 သို့ပြောင်းနိုင်ပြီး မည်သည့်နှစ်အတွင်းမဆို ပြန်လည်ပြင်ဆင်နိုင်သည်ကို သတိပြုသင့်သည်။

ဒါကြောင့်ဒီအကြောင်းသတိထားပါ။

မည်သည့်စာရွက်စာတမ်းများတွင်မှ မရေးသင့်ပါ။

အခန့်မသင့်က ဆုံးရှုံးစရာပေါ်လာတတ်ပါမည်။

Laws and Regulations Tips Read 322 times