ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းဆောက်လုပ်ရေးကုမ္ပဏီကို မြန်မာ ဖယ်ရှား

13 January, 2021

Italian-Thai Development ရင်းနှီးမြှုပ်နှံ့မှုရန်ပုံငွေ ကိစ္စရပ်များသည် ထားဝယ် အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးကို နှောင့်နှေးစေသည်။ 

ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ  Italian-Thai Development ကို ၎င်း၏ ဝန်ဆောင်မှုများ  ထားဝယ် အထူးစီးပွားရေးဇုန် အတွက် မလိုအပ်တော့ကြောင်း မြန်မာအစိုးရက အသိပေးပြောကြားလိုက်သည်။  Italian-Thai Development  သည် ဖျက်သိမ်းကြောင်း နို့တစ်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် ရရှိခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လက်မခံရန် ဆုံးဖြတ်ထားသည်။

ထားဝယ်စီမံကိန်းသည် မြန်မာနှင့်ထိုင်း အစိုးရတို့ ပူးတွဲလုပ်ကိုင်မည့် စီမံကိန်း ဖြစ်ပြီး ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေးကို မျှော်မှန်းခဲ့ကြသည်။ ထိုဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာကို ထိုင်းစီးပွားရေးလုပ်ငန်းများက မာလက်ကာရေလက်ကြားမှတစ်ဆင့် ရေကြောင်းခရီး မလိုအပ်ဘဲ လက်လှမ်းမီစေမည် ဖြစ်သည်။ 

ဒေသတွင်း အရေးပါသော ကုန်သွယ်ရေးအချက်အချာ တစ်ခု ဖန်တီးမည့် စီမံကိန်းတွင် ဂျပန်နိုင်ငံမှလည်း ပါဝင်လုပ်ကိုင်သည်။ 
သို့သော် ထိုင်း developer က လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ရရှိအောင် ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေသဖြင့် ခရီးမပေါက်ဘဲ နှောင့်နှေးနေခဲသည်။ 

 

 Italian-Thai Development က ပြေကြားသည်မှာ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာအစိုးရမှ အကြောင်းကြား အသိပေးသည်။  Italian-Thai Development သည် ထားဝယ်စီမံကိန်းအတွက် ပေးသွင်းရမည့် concession fee ကို ပေးသွင်းရန် ပျက်ကွက်ကြောင်း  မြန်မာအာဏာပိုင်တို့က ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့်  Italian-Thai Development ကြောင့် ဖြစ်ပေါ်နေသော မသေချာ မရေရာခြင်းများကို ဖယ်ရှားပစ်ပြီး အခြား ပြည်ပရင်းနှီးမြှုပ်နှံသူများကို ကာလရှည်ကြာ ရပ်တန့်နေသည့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်မည်ဟု ယူဆရသည်။

ထားဝယ်ဇုန်သည် အန်ဒါမန်ပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး ၂၀၀ ကီလိုမီတာ စတုရန်း အကျယ်အဝန်း ရှိသည်။ ၂၀၁၅ ခုနှစ်တွင်   Italian-Thai Development က စက်မှုဥယျာဉ်တစ်ခုကို ဆိပ်ကမ်းငယ်တစ်ခု၊ လျှပ်စစ်ဓာတ်အားစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးရေး၊ လမ်းများဖောက်လုပ်ခြင်းတို့နှင့်အတူ ကနဉီးအဆင့်တွင် အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။ သို့သော် တိုးတက်ဖြစ်ပေါ်မှု မရှိသလောက် ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ မြန်မာအာဏာပိုင်တို့က ကနဉီးအဆင့်နှင့် ဒုတိယအဆင့်တို့ကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ရန် စိတ်အားထက်သန်နေပြီး ဂျပန်နှင့်တကွ အခြားစီးပွားဘက်များနှင့် လုပ်ကိုင်လိုသည်။ 

၂၀၁၅ ခုနှစ်တွင် ဂျပန်က ပါဝင်လုပ်ကိုင်ရန် မြန်မာနှင့် ထိုင်းတို့နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်းတွင် ပူးပေါင်းပါဝင်ပြီး  Japan Bank for International Cooperation မှတစ်ဆင့် ထားဝယ်အတွက် ဘဏ္ဍာရေး ပေးအပ်သည်။ သို့သော် ကနဦးအဆင့် မပြီးသေးခင်မှာ ဂျပန်က ဝင်ရောက်လုပ်ကိုင်မည် မဟုတ်ဘဲ စောင့်ကြည့်အနေအထားဖြင့် ရှိခဲ့ရာမှ နိုဝင်ဘာလတွင် အစိုးရချင်း ဆွေးနွေးခဲ့ပြီးသည့်နောက်တွင် ဝင်ရောက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီတို့က ရေနံသန့်စင်စက်ရုံများ၊ ဆက်နွှယ်နေသော အခြေခံအဆောက်အအုံများ ထားဝယ်တွင် တည်ဆောက်ရန်တို့အတွက် စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

နိုဝင်ဘာလတွင် ဂျပန်က ပါဝင်လုပ်ကိုင်ရန်  ဆုံးဖြတ်ချက်  ချခြင်းသည် စီးပွားရေးဇုန်တွင် တရုတ် ပါဝင်လုပ်ကိုင်ခြင်းကို တန်ပြန်ချိန်ညှိရန် ဆန္ဒရှိခြင်းကြောင့် ဖြစ်မည်ဟု ယူဆရသည်။ 

မြန်မာနိုင်ငံတွင် အခြား အထူးစီးပွားရေးဇုန် နှစ်ခုတွင် သီလဝါဇုန် ဖွံ့ဖြိုးရေးကို ဂျပန်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများက ပူးတွ လုပ်ကိုင်လျက်ရှိပြီး ကျောက်ဖြူဇုန်ကို တရုတ်က ကျောထောက်နောက်ခံ ပေးထားသည်။ 

asia.nikkei.com

Region Read 2293 times