ထားဝယ် ၁၆ မဂ္ဂါဝပ်ရှိ ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အားစက်ရုံ


21 December, 2020

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ၁၆ မဂ္ဂါဝပ်ရှိ ဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံတစ်ရုံ ထပ်တိုးခဲ့ပြီ ဖြစ်သည်။

 

ထားဝယ်တွင် ဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ခြင်းကို စွမ်းအင်လုပ်ငန်း Petro & Trans Co. က ကန်ထရိုက် ရရှိခဲ့သည်။

 

ဓာတ်အားစက်ရုံ စီမံကိန်းကို စွမ်းအင်လုပ်ငန်း Petro & Trans Co. က အင်ဂျင်နီယာလုပ်ငန်း Cummins နှင့် အတူလက်တွဲပြီး လုပ်ကိုင်ခဲ့သည်။

 

စက်ရုံတွင် သုံးစွဲသည့် မီးစက်မှာ Cummins မှ ထုတ်လုပ်သည့် ဂျင်နရေတာ ဖြစ်ပြီး 2000kW QSV91G lean-burn gas generator ၈ လုံး အသုံးပြုထားသည်။

 

အမေရိကန်နိုင်ငံမှ နိုင်ငံတကာ အင်ဂျင်နီယာ ကုမ္ပဏီဖြစ်သော Cummins က ဒီဇိုင်းထုတ်ခြင်း၊ စက်များ အထိုင်ချ တပ်ဆင်ခြင်းတို့ကို လုပ်ကိုင်ပေးခဲ့သည်။ ထို့အပြင် ရာသီဉတု ဆိုးဝါးနေလျှင်လည်း ဂက်စ်ဂျနရေတာများ ပုံမှန်လည်ပတ်နေအောင် အစီအမံများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးထားသည်။

 

တည်ဆောက်ရေးနှင့် အထိုင်ချတပ်ဆင်ခြင်းကို ဇန်နဝါရီလတွင် စတင်ခဲ့သည်။ ပထမဆုံးဖြစ်သော ၈ မီဂ္ဂါဝပ် အတွက် စက်များးကို ၅ လ အတွက်း အပြီးအစီး တပ်ဆင်ခဲ့သည်။ နောက်ထပ် ၈ မီဂ္ဂါဝပ် စက်တစ်လုံးကို ယခုနှစ်ကုန်တွင် တပ်ဆင်ရန် အစီအစဉ် ရှိသည်။

 

Cummins မှ မန်နေဂျာ Sanjay Wele က ဓာတ်အားစက်ရုံမှ Cummins QSV91G gas generatorသည် ထားဝယ်မြို့နှင့် အနီးတဝိုက်တို့သို့ စိတ်ချရသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို အဆက်မပြတ် ပေးနိုင်မည်ဟု ဆိုသည်။

Infrastructure and Zones Read 74 times