အထူးစီးပွားရေးဇုန်နှင့် မြို့ပြစီမံကိန်းများကြောင့် ဒလမြို့နယ်သည် ရန်ကုန်မြို့သစ်ဖြစ်လာနိုင်


17 November, 2020

အထူးစီးပွားရေးဇုန်နှင့်မြို့ပြစီမံကိန်းများကြောင့် ဒလမြို့နယ်သည် နောင်တစ်ချိန်တွင် ရန်ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီ ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် ကော့မှူးမြို့နယ်သရက်တောရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် ဒလမြို့နယ်တွင် အကောင်အထည်ဖော်မည့်

အထူးစီးပွားရေးဇုန်နှင့်မြို့သစ်စီမံကိန်းတည်ဆောက်ရေးမြေပြင်အခြေအနေအား ဇန်နဝါရီ ၂ဝရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း တိုင်းအစိုးရမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အစိုးရနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ပူးပေါင်း၍ စီမံကိန်းကြီးတစ်ခုရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်အထိ

တင်ပြကာဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေခြင်းသည် ၎င်း၏ပါတီနှင့် အစိုးရအတွက်မဟုတ်ဘဲ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်ဒေသခံများအားအစိုးရလွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရေး တိုက်တွန်းပေးရန် ဓနုတ်ကျောင်းတိုက်ဆရာတော်ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။

ဒလစီမံကိန်းသည် ယခင်ကတည်းကအကောင်အထည်ဖော်ရန်စီစဉ်ထားသောစီမံကိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် သည် ဒလမြို့နယ်တွင်အကောင်အထည်ဖော်မည့်ရန်ကုန်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့သို့ ၂ဝ၁၇ဒီဇင်ဘာ၅ရက်တွင် ပထမဆုံးတင်ပြခဲ့ကြောင်း သိရသည်။

ထိုတင်ပြချက်တွင် ယင်းအထူးစီးပွားရေးဇုန်တည်ထောင်ပါက ရရှိမည့်အကျိုးကျေးဇူးများ နှင့်လုပ်ငန်းအစီအမံများပါဝင်သည်။

ဝန်ကြီးချုပ်ဦးဆောင်၍ ဖော်ဆောင်မည့်ရန်ကုန်တိုင်းဒေသကြီး၏ဒုတိယအထူးစီးပွားရေးဇုန်စီမံကိန်းအား အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ

သဘောတူလက်ခံထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအထူးစီးပွားရေးဇုန်များ တာဝန်ခံညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်းသိရသည်။

Local Mixed Use and Urban Read 70 times