ဒလသဘောၤကျင်းကို မြို့ပြတည်ဆောက်ရေးလုပ်ငန်းများဖြင့် အဆင့်မြှင့်တင်မည်


01 January, 2020

မြန်မာနိုင်ငံပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏အကြီးဆုံးသဘောၤကျင်းဖြစ်သည့်ဒလသဘောၤကျင်းကိုမြို့ပြတည်ဆောက်ရေးလုပ်ငန်းများထည့်သွင်း၍အဆင့်မြှင့်တင်မှုများဆောင်ရွက်သွားမည်ဟု သိရှိရသည်။ဒလသဘောၤကျင်းသည်မြန်မာ့ရှေးအကျဆုံးသဘောၤကျင်းတစ်ခုဖြစ်ပြီး၁၆၇နှစ်သက်တမ်းကြာမြင့်ပြီလည်းဖြစ်သည်။


ဒလသဘောၤကျင်းကိုဂျပန်ကုမ္ပဏီနှင့်ပူးပေါင်းကာ အဆင့်မြင့်တင်မှုများဆောင်ရွက်နိုင်ရန် မြေပြင်လေ့လာဆန်းစစ်မှုလုပ်ဆောင်လျက်ရှိကြောင်းကိုပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ဒလသဘောၤကျင်း၏အင်ဂျင်နီယာမှူးကြီး(တာဝန်)ဦး အက်စ်ကေမြတ်သူကယခုကဲ့သို့ပြောကြားခဲ့သည်။

 

 

ဋ္ဌာနပိုင်တဲ့မြေ၆၀ဧက ကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်။မြေဧက၆၀မှာ ဧက၄၀လောက်ကိုမြို့ပြဖွံ့ဖြိုးတိုးတက်မယ့် အဆောက်အအုံတွေ လုပ်ငန်းတွေ တည်ဆောက်လုပ်ကိုင်သွားမယ်။ဥပမာ ဟိုတယ်တွေအပန်းဖြေနေရာတွေလုပ်ဆောင်မယ် ကျန်တဲ့လက်ရှိလုပ်ဆောင်နေတဲ့နေရာမှာတော့သဘောၤဆောက်လုပ်ရေး ပြင်ဆင်ရေး တွေကို လုပ်ဆောင်သွားမယ်။ လောလောဆယ်ဂျပန်နဲ့မြေပြင်လေ့လာဆန်းစစ်မှုတွေလုပ်ဆောင်နေတယ် မြေပြင်လေ့လာဆန်းစစ်မှုကသုံးကြိမ်ဆောင်ရွက်ပြီးပြီ။နောက်ဆုံးအကြိမ်ကို အောက်တိုဘာ၂၂ရက်ကလုပ်ဆောင်ခဲ့တာပါ ။ပုံကြမ်းတော့ထွက်လာပြီ။ ဂျပန်နဲ့ပူးပေါင်းမြှင့်တင်တဲ့နေရာမှာဘယ်လိုပုံစံနဲ့လုပ်မယ်ဆိုတာတော့မသိရသေးဘူး ဟုပြောကြားခဲ့သည်။

 

 

မြန်မာနိုင်ငံတွင်ယခုလက်ရှိသဘောၤအစင်းရေ နှစ်သောင်းကျော်ရှိသော်လည်းသဘောၤကြီးများကိုင်တွယ်နိုင်သောသဘောၤကျင်းမှာ၁၀ကျင်းခန့်သာရှိလေသည်။ထို့ကြောင့်သဘောၤအဟောင်းများပြင်ဆင်ခြင်း၊သဘောၤအသစ်တည်ဆောက်ခြင်းတို့အတွက်လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်းသိရှိရသည်။

Factory and Industrial Plant Read 38 times