ကိုရီးယားနိုင်ငံ LH Cooperation နှင့်ပူးပေါင်းဆောင်ရွက်ကာ ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း


17 December, 2020

ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Land and Housing Cooperation (LH) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 '' ဒလမြို့သစ်စီမံကိန်း၏ Comprehensive Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် ရပ်ကွက် ၃ ခုအတွက် အဆင့်မြှင့်တင်ရေး Upgrading အစီအစဉ်များပါဝင်သော Integrated Development ပုံစံဖြစ်စေရန် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း '' ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ကပြောကြားသည်။

 ဆက်လက်ပြီး '' ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄) ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရန် ရပ်ကွက် ၃ ခု၏ မြေပြင်အခြေအနေ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံရေးဆွဲခြင်း၊ ရပ်ကွက် ၃ ခုနေထိုင်သူများအား Upgrading Plan ရေးဆွဲထားမှုအခြေအနေအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊

 ဦးစီးကော်မတီ၊ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်း ပုံစံရေးဆွဲရေး လုပ်ငန်းအဖွဲ့များ ဦးစွာဖွဲ့စည်းပြီး မြေပြင်အခြေအနေ၊ အိမ်ထောင်စု၊ အိမ်ခြေ စသည့် အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံ ရေးဆွဲခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားရမည်ကြောင်း '' ဝန်ကြီးက ပြောသည်။

 အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် Land Readjustment နည်းလမ်းဖြင့် ဆောင်ရွက်ရာ လမ်းနှင့်မလွတ်ကင်းသည့်အိမ်ခြေများကို ရွှေ့ပြောင်း၍ နေရာအစားပေးခြင်း၊

  ရွှေ့ပြောင်းရန် မလိုသည့်အိမ်ခြေများကို မူလနေရာတွင် ပြန်လည်နေရာချထားပေးနိုင်ရေး အတွက် စနစ်တကျ အကွက်ချပုံစံရေးဆွဲ၍ Community Land အနေဖြင့်ဖြစ်စေ၊ ပိုင်ဆိုင်မှုပေးသော ဂရန်အမည်ပေါက်ဖြင့်ဖြစ်စေ ပြန်လည်ပေးအပ်ခြင်း၊

 အခြားနည်းလမ်းတစ်ခုမှာ အချို့သော နေအိမ်များအား တဲပေါ်မှ တိုက်ပေါ်သို့ တင်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း သိရသည်။

Factory and Industrial Plant Local Read 84 times