ဒလဘက်ခြမ်းတွင် မြို့သစ်တည်ဆောက်ရန် အကြိုလေ့လာဆန်းစစ်မှုပြီးစီး


14 August, 2019

ဒလဘက်ခြမ်းတွင်မြို့ သစ်တည်ဆောက်ရန် ကိုရီးယား အပြည်ပြည်ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) နှင့်ပူးပေါင်းဆောင်ရွက် နေပြီး အကြိုလေ့လာဆန်းစစ်မှု ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၁၃ ရက်တွင် ပြောသည်။

မြို့သစ်တည်ဆောက်ရန် လက်ရှိအစိုးရ တာဝန်ယူသည့် ကာလက စတင်ပြီး ကိုရီးယား နိုင်ငံက လေ့လာဆန်းစစ်မှုဆောင် ရွက်နေကြောင်း  ဝန်ကြီးချုပ်က ပြောသည်။

‘‘အကြိုလေ့လာဆန်းစစ်မှု ကို KOICA ကနေ ဆောက်လုပ် ရေးဝန်ကြီးကို ပထမအဆင့်တင် ပြီးသွားပြီ။ လက်ရှိအခြေအနေအ ရ အသေးစိတ်လေ့လာမှုကို ပြီးစီး အောင်ဆောင်ရွက်သွားမယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ဒလမြို့သစ် စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန် ကုန်တိုင်းအစိုးရနှင့် KOICA တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်းဝန်ကြီးချုပ်ကဆိုသည်။

လက်ရှိတွင် ကိုရီးယားအ စိုးရ၏ ချေးငွေဖြင့် ရန်ကုန် - ဒလမြစ်ကူးတံတား တည်ဆောက် နေပြီး ၂၀၂၂ ၌ပြီးစီးမည်ဟု ကိုရီး ယားနိုင်ငံနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနက  ခန့်မှန်းထားသည်။

အဆိုပါ တံတားတည် ဆောက်ခြင်းသည် နောင်တွင်ပေါ် ပေါက်လာမည့် ဒလဒေသမြို့ သစ်စက်မှုဇုန် တည်ဆောက် ရေး၌ အားထားရသည့် အခြေခံ အုတ်မြစ်ဖြစ်သည်ဟု ကိုရီးယား နိုင်ငံကဆိုသည်။

ထို့အပြင် လာမည့်ငါးနှစ်အ တွင်းမြန်မာနိုင်ငံအတွက် ဖွံ့ဖြိုး ရေးအကူအညီ ကန်ဒေါ်လာ တစ် ဘီလီယံအထိ တိုးမြှင့်မည်ဟု  ကိုရီးယားနိုင်ငံက ကြေညာထား သည်။

ယင်းသို့အကူအညီပေးအပ် ခြင်းသည် တောင်ကိုရီးယားအစိုး ရ၏ New Southern Poilcy (ကို ရီးယား၏ တောင်ပိုင်းမူဝါဒသစ်)  အရ မြန်မာနိုင်ငံသည် အလွန်  အရေးပါသော မိတ်ဖက်နိုင်ငံ ဖြစ်သောကြောင့်ဟု ဆိုသည်။ လက်ရှိတွင် ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး၊  ဆက်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍ တို့၌ ဖွံံ့ဖြိုးရေးအကူအညီ (ODA)  ကန်ဒေါ်လာသန်း ၅၀၀ ပေးနေ သည်။
 

Region Read 37 times