အတက်ဘက်ကိုဆက်လက်ဦးတည်နေသော ဒလအိမ်ခြံမြေ


12 December, 2019

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေဈေးတွေတက်လာနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာ ဒလမြို့နယ်အတွင်းက လမ်းမတန်း အိမ်ခြံမြေ ဈေးတွေဟာ ရန်ကုန်မြို့အတွင်းက ဈေးတွေနဲ့တန်းတူဖြစ်နေပြီး ဈေးနှုန်းကြီးမြင့်နေတယ်လို့ ဒလမြို့နယ်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးအေးမြင့်ကပြောပါတယ်။

“ ဒလတံတားပန္နက်ရိုက်တဲ့အချိန်ကစပြီးတော့ ဈေးတွေ တော်တော်လေးလှုပ်နေတာကို တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရောင်းအဝယ်ဖြစ်သလားလို့မေးရင်တော့ အရောင်းအဝယ်က သေချာမဖြစ်သေးဘူးပေါ့နော်။ လမ်းမတန်းမှာဆိုရင် အရင်က သိန်းတစ်ထောင်နှစ်ထောင် အကွက်တွေက အခုဆိုရင်သိန်းလေးထောင် ငါးထောင်လောက် ခေါ်နေကြတာကို ကျွန်တော်တို့တွေ့ရတယ်။ ” လို့၎င်းကဆိုပါတယ်။

ဈေးတွေတက်လာတာကြောင့် အမှန်တကယ် ဝယ်ယူနေထိုင်သူထက် အိမ်ခြံမြေ ဝယ်ရောင်းသမားတွေလည်း ပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဌ ဦးသိန်းလှညိုကပြောပါတယ်။

ဒလတံတားကြီး တည်ဆောက်ဖို့ ပန္နက်တင် အခမ်အနားကို၂၀၁၈ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်းအပြီးတည်ဆောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒလမြို့နယ် အတွင်းက အိမ်ခြံမြေဈေးတွေအနေနဲ့ အတက်ဘက်ကို ဦးတည်နေတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ကိုင်သူတွေက ဆိုပါတယ်။

 

Region Read 28 times