ဒလတံတားစီမံကိန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနား


01 December, 2019

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်မနက်က  တံတားစီမံကိန်း တည်ရှိတဲ့ ဒလမြို့နယ်ဘက်မှာ ပြုလုပ်ပါတယ်။

        ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ တိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

        ဒလတံတားစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁၈၈.၁၇၄ သန်း ကုန်ကျမှာဖြစ်ပြီး ၃ နှစ်ခွဲကြာ အချိန်ယူဆောက်လုပ်ဖို့ ရှိနေပါတယ်။

       ဒလတံတားကြီးကို ၂၀၁၈ခုကနေစတင်ပြီး ၂၀၂၂ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

        လက်ရှိမှာ တံတားချဉ်းကပ်လမ်းကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ အရှည် ပေ ၆၁၀၀ ကျာ်ရှိမယ့် တံတားကိုတော့ ဒလမြို့ ဗိုလ်မင်းရောင်လမ်းကနေ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းအထိ မြစ်ကိုဖြတ်ပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။

Events Read 114 times