သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းများ ငှားရမ်းမည့်အစီအစဉ်နှင့် ပတ်သက်၍ အသိပေးကြေညာ


01 November, 2023

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းများ ငှားရမ်းမည့်အစီအစဉ်နှင့် ပတ်သက်၍ အသိပေးကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်း နေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သည့် အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။ 



ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းများ ငှားရမ်းမည့်အစီအစဉ်နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း

၁။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာခဲ့ပြီး ပြန်လည်တင်ပြလာသော လျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီနှင့် အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် ကိုက်ညီ သူများကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ စိစစ်ရွေးချယ်ထားသူများကို တိုက်ခန်းငှားရမ်းခွင့်ပြုနိုင်ရေးအတွက် တိုက်ခန်း ငှားရမ်းခွင့်နှင့် အခန်းနေရာများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပါသည်။

၂။ အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းနှင့် မဲနှိုက်ရမည့်ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ၂-၁၁-၂၀၂၃ရက်မှ ၁၂-၁၁-၂၀၂၃ရက်အထိ အသိပေး ကြေညာထားမည်ဖြစ်ပြီး မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ယူဆောင်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့် တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မဲနှိုက်ခွင့်ရရှိသည့် လျှောက်ထားသူများ စာရင်းကို မိမိတို့လျှောက်လွှာတင်ထားသော ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

၃။ . တိုက်ခန်းမဲနှိုက်မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ၀၉-၆၉၉၉၉၈၈၁၄၊ ၀၁-၈၃၇၉၀၆၁ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါ သည်။

အိမ်ခန်း နေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ
သုခဒဂုံပြည်သူ့အငှားအိမ်ရာ



To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Public Housing Tips Read 617 times