မန္တလေးမြို့အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် တင်ဒါခေါ်


16 November, 2019

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မန္တလေးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ခြင်းဖြစ်သည်။

အဆိုပါ ဝန်ထမ်းအိမ်ရာအဆောက်အအုံမှာ ပေ (၁၆၄×၂၅) (၆) ခန်းတွဲ (၄) ထပ် သံကူကွန်ကရစ်အဆောက်အအုံဖြစ်ပြီး (ရေ၊မီး၊မိလ္လာ အပါအဝင်)တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဝန်ထမ်းအိမ်ရာတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီထံများထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

လျှောက်လွှာကို ၂၀၁၉ ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အတွင်းရောင်းချပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ၇ ရက် ၉ နာရီခွဲအထိတင်သွင်းနိုင်ကြောင်းသိရသည်။

တင်ဒါတင်သွင်းလိုသူအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းအတွက် သက်မှတ်ထားသော တင်ဒါအာမခံကြေးပေးသွင်းပြီးမှသာ သတ်မှတ် အိတ်ဖွင့် တင်ဒါပုံစံကို ညွှန်ကြားရေးမှူး၊ တိုင်းဒေကြီးဦးစီးမှူးရုံး၊ အကောက်ခွန်ဦးစီးဌာန၊ ၇၈ လမ်း၊ကျွဲဆည်ကန် (၁) လမ်းထိပ်၊ချမ်းမြသာယာရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်သို့ တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

Housing Read 394 times