Cubo ရဲ့ နှစ် ၅၀ ခံ ဝါးအိမ်ရာများ


20 November, 2021

တိုင်ဖုန်းမုန်တိုင်းနှင့် မြေငလျင် သဘာဝဘေးဒဏ်များ ကျရောက်လေ့ရှိသော ဖိလစ်ပိုင်တွင် ရိုးရာအိမ်ပုံစံ Bahay Kubo ကို အခြေခံထားသော ဝါးအိမ်များကို တွဲစပ်တပ်ဆင်ရန် အသင့်ဖြစ်သည့်အဆင့်အထိ ထုတ်လုပ်ပေးသော Cubo ကုမ္ပဏီကို ထူထောင်လုပ်ကိုင်နေသူ Forlales သည် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။
Forlales က ၂၀၁၉ တွင် Cubo ကို စတင်ခဲ့သည်။
အစိတ်အပိုင်းများကြိုတင်ထုတ်လုပ်ပြီး အိမ်ဆောက်မည့်နေရာတွင် တွဲစပ်တပ်ဆင်ကာ အ်မ်ဆောက်ဖို့ ထုတ်ကုန်များကို ၂၀၂၀ နိုဝင်ဘာလတွင် စတင်ထုတ်လုပ်ခဲ့သည်။ ယခုအခါ တစ်နှစ်ရှိပြီ ဖြစ်သည်။

ဝါးကို ‌ဆေးပေါင်းတင်ပြီး ပြုပြင်ပေးထားသဖြင့် နှစ် ၅၀ ခံသည်ဟု Forlales က ပြောပြသည်။
ထုတ်လုပ်ထားသော အစိတ်အပိုင်းများကို အ်မ်ဆောက်မည့်နေရာသို့ ယူဆောင်သွားပြီး တပ်ဆင်ဆောက်လုပ်သည်မှာ ရက်ပိုင်းသာ ကြာသည်။

Cubo ထုတ်လုပ်သော အိမ်အမျိူမျိုးတို့သည် ကြမ်းခင်းဧရိယာ ၃၀ မှ ၆၃ စတုရန်းမီတာအထိ အစားစားရနိုင်သည်။ အကြီးဆုံး အရွယ်အစားသည် လူ ၆ ဦး အထိ နေထိုင်နိုင်သည်။ 


ဝါးအိမ်ဖြစ်သော်လည်း ခေတ်မီအောင် စီမံထားသည်။ လျှပ်စစ်မီးထွန်းစနစ် ပါသည်။ ပိလီကာဘွန်နိတ် ပြတင်းပေါက်များ ပါသည်။  တိုင်ဖုန်းမုန်တိုင်းဒဏ် ခံနိုင်စေရန် နံရံများ၊ အမိုးနှင့် ကြမ်းခင်းများကို သတ္တုသားဖြင့် တွဲစပ်ပေးထားသည်။ အခြေကို ကွန်ကရစ် ဖိနပ်ခုံများ လောင်းပေးထားသည်။ 
၂၀၂၀ ဒီဇင်ဘာလတွင် ဝါးအိမ်နှစ်လုံး ဆောက်ပြီးခါစမှာ ငလျင်အကြီးစားလှုပ်သည်။ ဝါးအမ် နှစ်လုံးစလုံး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်ဘဲ ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။

 ဝါးအိမ်များကို အော်ဒါရမှ စတင် ထုတ်လုပ်သည်။ ဝယ်ယူသူအကြိုက် လုပ်ကိုင်ပေးသည်။ အမိုးတွင် ဆိုလာပြား ထားလိုပါက ထားပေးမည် ဖြစ်သည်။ 
အိမ်တစ်လုံး တပ်ဆင်ရန် သုံးရက်မှ ငါးရက် အချိန်ယူသည်။ 

အိမ်တစ်လုံးရောင်းဈေးမှာ  649,800 Philippine pesos ($12,900) မှ 1.8 million Philippine pesos ($35,738) အထိ အစားစား ဖြစ်သည်။ 

လတ်တလောတွင် တစ်လလျှင် ဝါးအိမ် ၆ လုံး ထုတ်လုပ်ပေးလျက် ရှိသည်။ သူမျှော်မှန်းထားသည်ထက် ဝယ်လိုအား ပိုကောင်းနေကြောင်း Forlales  က ပြောကြားသည်။

 

 

 

cnn

Region Read 557 times