CTBUH မှ ရွေးချယ်သော ကမ္ဘာ့အကောင်းအဆုံးအထပ်မြင့်အဆောက်အအုံက ဘယ်နိုင်ငံဖြစ်မလဲ


03 December, 2020

အထပ်မြင့်အဆောက်အအုံများနှင့် မြို့ပြအိမ်ရာအဖွဲ့ CTBUH မှ ရွေးချယ်သော ကမ္ဘာ့အကောင်းအဆုံးအထပ်မြင့်အဆောက်အအုံစာရင်းတွင်

စင်ကာပူနိုင်ငံမှ သစ်ရွက်များနှင့် အုပ်ထားသော Oasia Hotel Downtown အဆောက်အအုံသည်ထိပ်ဆုံးတွင်ဖော်ပြခံခဲ့ရသည်။

သစ်ရွက်မာျးနျျှင့် ဖုံးအုပ်ထားသောကြောင့် Ieafclad Skyscraper Hotel ဟုလည်း လူသိများသည့် ဟိုတယ်သည် အနီရောင်အဆောက်အအုံမျက်နှာစာချပ်များနှင့်

တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံတစ်ခုလုံးနီးပါးအား စိမ်းစိုသည့် သစ်ရွက်များနှင့် ဖုံးအုပ်ထားသည့် ၂၇ ထပ်မြင့်သော အဆောက်အအုံဖြစ်သည်။

ဒေါက်လိုက်ဥယျာဉ်ကို မျက်နှာစာ တွင် ထည့်သွင်းဖန်တီးထားသည့် ဒီဇိုင်းဖြစ်ပြီး ဗိသုကာ အဖွဲ့ WHOA မှ ဒီဇိုင်းဖန်တီးပေးထားခြင်းဖြစ်သည်။

ဧည့်သည်များအတွက် တည်းခိုနားနေနိုင်မည့် အခန်းပေါင်း ၃၁၄ ခန်းပါရှိသည့် မိုးမျှော်ဟိုတယ် ကြီးဖြစ်ပြီး အနီရောင်အလူမီနီယမ်မျက်နှာစာချပ်များပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၅၄ မျိုး ထည့်ပြီး စိုက်ပျိုးအလှဆင်ထားခြင်းဖြစ်သည်။

ဆန်းသစ်သည့် ဒီဇိုင်းပုံစံ၊မြို့ပြနှင့် မြို့ပြနေထိုင်မှုပုံစံဆန်းသစ်မှုများကို မူတည်ပြီ ကမ္ဘာ့အကောင်းဆုံး အထပ်မြင့်အဆောက်အအုံအဖြစ်စင်ကာပူနိုင်ငံ၏

Oasia Hotel Downtown အားရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု CTBUH မှ ဆိုသည်။

Tips Read 102 times