တန်ဖိုးနည်း အိမ်ရာများအတွက် အိမ်ရာ ချေးငွေစနစ် ပေးချေမှုများ


14 November, 2020

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်လျက်ရှိသော ရွှေလင်ပန်း(လှိုင်သာယာ)၊ယုဇန/ကနောင်(ဒဂုံဆိပ်ကမ်း)၊မင်္ဂလာဒုံနှင့် အခြားအိမ်ရာစီမံကိန်းအတွက်အိမ်ရာချေးငွေအတွက် လိုအပ်ချက်များဖြစ်သည်။

ချေးငွေကာလ(၁ဝ)နှစ်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ချေးငွေအပေါ်တစ်ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း၁၂ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မိသားစုလစဉ်ဝင်ငွေပြည့်မီရပါမည်။လစဉ် ပေးဆပ်ငွေသည် မိသားစုလစဉ်ဝင်ငွေ၏(၃ဝရာခိုင်နှုန်း) ဘောင်အတွင်းရှိရမည်ဖြစ်ကြောင်းသိရသည်။

စာရင်းရှင် စာရင်းဖွင့်လှစ်ခြင်း

အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စာရင်းရှင် စာရင်း(current Account)ဖွင့်လှစ်ထားရှိရပါမည်။

ချေးငွေ ပြန်လည်ပေးဆပ်နိုင်မှုအခြေအနေ(Repayment Capacity)အား ဘဏ်မှ စိစစ်နိုင်ရန် အောက်ဖော်ပြပါ အထောက်အထားများကို ဘဏ်သို့ပေးပို့ရပါမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေအတွက် တင်ပြရမည့်အထောက်အထားများ

(၁)စာရင်းရှင်စာရင်း(Current Account)၏စာရင်းအမှတ်နှင့် ငွေလက်ကျန်ပမာဏ

(၂)မိသားစုလစဉ်ဝင်ငွေ(Household Income)အတွက် တင်ပြရမည့် အထောက်အထားများ(ပြည်တွင်း)

(၁)အစိုးရဝန်ထမ်း(ဌာနဆိုင်ရာ အကြီးအကဲ၏ထောက်ခံချက်)

(၂)အငြိမ်းစား(ပင်စင်လစာငွေ၊ပင်စင်စာအုပ်မိတ္တူ)

(၃)ကုမ္ပဏီဝန်ထမ်း(ကုမ္ပဏီအကြီးအကဲ၏ထောက်ခံချက်)

(၄)အခြားသူများ(ဝင်ငွေရရှိကြောင်းထောက်ခံစာ(သို့မဟုတ်) လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့် နေထိုင်ကြောင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်)

(၅)အိမ်ထောင်စုစာရင်းမိတ္တူ

(၆)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ

(၃)ပြည်ပတွင် အလုပ်လုပ်ကိုင်နေသောမြန်မာနိုင်ငံသားများအတွက်

(၁)အလုပ်အကိုင်အတွက် အထောက်အထား(Updated Employment Certificate)

(၂)ဝင်ငွေရရှိကြောင်းအထောက်အထား(Updated Salary Recommendation)

(၃)Passport Copy

(၄)Identificationn Card Copy

အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူခွင့် ရရှိပြီးနောက် ငွေချေးသူကလိုက်နာရန်အချက်များ

လက်ငင်းပေးသွင်းငွေ(Down Payment)နှင့် ဘဏ်ဝန်ဆောင်ခ(Service Charges) ပေးသွင်းပြီး ချေးငွေစာချုပ် ချုပ်ဆိုပြီးပါက တိုက်ခန်းတွင် တက်ရောက်နေထိုင်ခွင့်ပြုပါမည်ဖြစ်ကြောင်း

လစဉ်အရစ်ကျပေးဆပ်ငွေကို လဆန်း(၅)ရက်အတွင်းမပျက်မကွက် ပေးသွင်းရန်

လဆန်း(၅)ရက်ကျော်လွန်ပါကသတ်မှတ်ဒဏ်ကြေးနှင့် နောက်ကျကြေးတစ်ရက်လျှင် (ဝ.ဝ၄ရာခိုင်နှုန်း)ပေးဆောင်ရမည်ဖြစ်ကြောင်း  / လေးကြိမ်လေးလတစ်ဆက်တည်းပျက်ကွက်ပါက စာချုပ်ပါသတ်မှတ်ချက်များအတိုင်း အရေးယူခြင်းကိုလိုက်နာရမည်ဖြစ်ကြောင်း / မီးနှင့်သဘာဝဘေးအန္တရယ်အာမခံကိုနှစ်စဉ်ထားရှိရန်နှင့်ကျသင့်(Premium)ကြေးကိုပေးဆောင်ရမည်ဖြစ် ကြောင်းသိရသည်။

 

 

စဉ် အခန်းတန်ဖိုး/ရောင်းဈေး (ကျပ်သိန်း) ကနဦးပေးသွင်းရမည့်ငွေပမာဏ(ကျပ်သိန်း) ထုတ်ချေးမည့်    ငွေပမာဏ (၁)နှစ်အတိုးနှုန်း လစဉ် ပေးဆပ်ရမည့်ငွေ (ကျပ်သိန်း) ရှိသင့်သည့် လစဉ်မိသားစု ဝင်ငွေ (ကျပ်သိန်း)
လက်ငင်းပေးငွေ Down Payment(30%) ဝန်ဆောင်ခ(၁%) တစ်ကြိမ်သာကောက်ခံပါမည်      
၁။ ၉၇ ၂၉.၁ဝ ဝ.၆၈ ၆၇.၉ဝ ၁၂% ဝ.၉၇ ၃.၂၃
၂။ ၉၈ ၂၉.၄ဝ ဝ.၆၈ ၆၈.၆ဝ ၁၂% ဝ.၉၈ ၃.၂၆
၃။ ၁ဝဝ ၃ဝ ဝ.၇ဝ ၇ဝ.ဝဝ ၁၂% ၁.ဝဝ ၃.၃၃
၄။ ၁ဝ၂ ၃ဝ.၆ဝ ဝ.၇၁ ၇၁.၄ဝ ၁၂% ၁.ဝ၂ ၃.၄ဝ
၅။ ၁ဝ၃ ၃ဝ.၉ဝ ဝ.၇၂ ၇၂.၁ဝ ၁၂% ၁.ဝ၃ ၃.၄၃
၆။ ၁ဝ၆ ၃၁.၈ဝ ဝ.၇၄ ၇၄.၂ဝ ၁၂% ၁.ဝ၆ ၃.၅၃
၇။ ၁ဝ၈ ၃၂.၄ဝ ဝ.၇၆ ၇၅.၆ဝ ၁၂% ၁.ဝ၈ ၃.၆ဝ
၈။ ၁၁၃ ၃၃.၉ဝ ဝ.၇၉ ၇၉.၁ဝ ၁၂% ၁.၁၃ ၃.၇၆
၉။ ၁၁၅ ၃၄.၅ဝ ဝ.၈၁ ၈ဝ.၅ဝ ၁၂% ၁.၁၅ ၃.၈၃
၁ဝ။ ၁၁၈ ၃၅.၄ဝ ဝ.၈၃ ၈၂.၆ ၁၂% ၁.၁၉ ၃.၉၆
၁၁။ ၁၂ဝ ၃၆.ဝဝ ဝ.၈၄ ၈၄.ဝဝ ၁၂% ၁.၂၁ ၄.ဝ၃
၁၂။ ၁၂၄ ၃၇.၂ဝ ဝ.၈၇ ၈၆.၈ဝ ၁၂% ၁.၂၅ ၄.၁၆
၁၃။ ၁၂၇ ၃၈.၁ဝ ဝ.၈၉ ၈၈.၉ဝ ၁၂% ၁.၂၈ ၄.၂၆
၁၄။ ၁၃၄ ၄ဝ.၂ဝ ဝ.၉၄ ၉၃.၈ဝ ၁၂% ၁.၃၅ ၄.၅ဝ
Public Housing Read 23 times