ကမ္ဘာတစ်ဝှမ်းမှ ငလျင်ဒဏ်အများဆုံး ကျရောက်နိုင်သော နိုင်ငံများ


23 November, 2020

ဒီရေလှိုင်းများ၊လေဆင်နှာမောင်းများ၊မီးတောင်နှင့်အခြားသော ကပ်ဆိုးများသည် ကမ္ဘာမြေကြီးတွင်နေထိုင်သူများအတွက်ကြီးမားသောသဘာဝဘေးအန္တရာယ်များဖြစ်ပါတယ်။

သို့သော် အန္တရာယ်အရှိဆုံးသဘာဝဘေးအန္တရာယ်များထဲမှ ငလျင်သည် အန္တရာယ်အရှိဆုံးဖြစ်ပါသည်။ငလျင်သည် လူအမြောက်အများသေဆုံးခြင်းနှင့်မြို့ရွာများပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။

ထိုသဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော ငလျင်ကျရောက်သောနိုင်ငံများရှိပါသည်။

ငလျင်ကိုကြိုတင်ခန့် မှန်းနိုင်ပါသလား?ဤအရာအတွက်ရိုးရှင်သောအဖြေမရှိပါ။ငလျင်သည်ခန့်မှန်းရန်ခက်ခဲပြီး မည်သည့်အချိန် မည်သည့်နေရာတွင် မဆိုဖြစ်ပွားနိုင်ပါတယ်။

သို့သော် ကမ္ဘာကြီးတိုးတက်လာသည်နှင့်အမျှသိပ္ပံပညာရှင်များက ဤအရာကို ကူညီးပေးနေပါပြီ။အချို့သောဒေသများသည်ငလျင်ပိုမိုကျရောက်နိုင်ပါတယ်။အောက်တွင်ကမ္ဘာတစ်ဝှမ်းမှ

အများဆုံးငလျင်ကျရောက်နိုင်သော ထိပ်တန်း ၉ နိုင်ငံကိုဖော်ပြထားပါတယ်။

၁။ဂျပန်

ဂျပန်နိုင်ငံသည်ငလျင်အဖြစ်အများဆုံး၉နိုင်ငံတွင် ထိပ်ဆုံးနိုင်ငံဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ၊အရှေ့တရုတ်ပင်လယ်၊ဂျပန်ပင်လယ်ပြင်နှင့်Okhotsk ပင်လယ်တို့ကဝန်းရံထားသောကြောင့်ဖြစ်သည်။

ကျွန်းပေါင်း ၆၈၅၂ ကျွန်းသည်ဂျပန်နိုင်ငံ၏အနီးတွင်ဖြစ်ပေါ်နေသည်။တောင်များနှင့်သစ်တောများသည် ကုန်းမြေ၏အဓိကအရာဖြစ်သည်။မီးတောင်များသည်လည်းလူသားများအတွက်အဓိကခြိမ်းခြောက်မှုဖြစ်သည်။

ဂျပန်နိုင်ငံတွင်ပထမဆုံးမှတ်တမ်းတင်ထားသောမြေငလျင်သည် ၆၈၄ A.D တွင်ပြင်းအား ၈.၄ နှင့်၎င်းနောက် ၇၄၅ A.D တွင်ပြင်းအား ၇.၉ နှင့် ၈၆၉ A.D တွင် ပြင်အား ၈.၆ နှစ်ခုလှုပ်ခတ်ခဲ့သည်။ပြင်းအား ၇.၉ နှင့်ကြီးမားသောငလျင်

၂၄ ခုနှင့် ပြင်အား ၆.၃မှ၇.၈ ရှိသောငလျင် ၄၂ ခုဖြစ်ပေါ်ခဲ့သည်။၂၀၁၁ခုနှစ်မတ်လတွင် ပြင်းအားအမြှင့်ဆုံး ၉.၀ ဖြင့်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၅၀၀ ကျော်သဘာဝဘေးနှင့်ရင်ဆိုင်ခဲ့ရသည်။ပြင်းအား ၇.၃ နှင့် ၂၀၁၂ဒီဇင်ဘာတွင် လှုပ်ခတ်ခဲ့သောငလျင်သည်နောက်ဆုံးဖြစ်သည်။

၂။နီပေါ

အချို့သောခန့်မှန်းချက်များအရကမ္ဘာပေါ်လူများထဲမှ နီပေါ ရှိလူများသည် သေဆုံးရန်ပိုမိုနီးစပ်ကြသည်။သဘာဝဘေးအန္တရာယ်အမြောက်အများသည်နီပေါတွင်ဖြစ်ပေါ်လေ့ရှိသည်။

မတူညီသောရေကြီးမှု၊မီးလောင်မှု၊အမျိုးမျိုးသောရောဂါများကြောင့် အသက်နှင့်ပစ္စည်းဥစ္စာ ဆုံးရူံးမှုများဖြစ်ပေါ်စေနိုင်ပါတယ်။

နီပေါနိုင်ငံသည် ဟိမဝန္တာဒေသတွင်ငလျင်အဖြစ်အများဆုံးနိုင်ငံဖြစ်သည်။မြောက်များစွာသောလှုပ်ခတ်မှုများသည် ဧဝရတ်တောင်နှင့်၎င်း၏ပတ်ဝန်းကျင်သေဒများတွင်ခံစားနေကြရသည်။

၂၀၁၅ တွင်လှုပ်ခတ်ခဲ့သော နီပေါ ငလျင်သည် လူပေါင်း ၈၀၀၀ ကျော်သေဆုံးခဲ့ပြီး ၂၁၀၀၀ ခန့်ဒဏ်ရာရခဲ့ကြသည်။ငလျင်အများဆုံးလှုပ်ခတ်သောနိုင်ငံများတွင်နီပေါနိုင်ငံသည်ဒုတိယနေရာတွင်ရှိသည်။

၃။El Salvador

El Salvador နိုင်ငံသည်ငလျင်ကြောင့်ကြီးမားသောပျက်စီးဆုံးရူံးမှုများခံစားခဲ့ရသောငလျင်အများဆုံးလှုပ်ခတ်သည့်နိုင်ငံဖြစ်ပါတယ်။ဒီသေးငယ်သောဒေသသည်နောက်ဆုံး၁၀၀လောက်တွင်ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရူံးခဲ့ရသည်။

ထိုဒေသ၌၂၀၀၁ ဇန်နဝါရီလတွင်ပြင်းအား၇.၇နှင့်တစ်ကြိမ်၊ ပြင်အား၆.၆ ဖြင့်ဖေဖော်ဝါရီလတွင်တစ်ကြိမ် ငလျင်ကြီး နှစ်ခုလှုပ်ခတ်ခဲ့သည်။ထိုဖြစ်ရပ်နှစ်ခုသည်မတူညီသော်လည်းသမိုင်းတွင်ထိုဒေသ၌အဲကြီးမားဆုံးဖြစ်ခဲ့သည်။အဆိုပါငလျင်များကြောင့်အိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ရပြီးမြေပြိူမှုများစွာလဲဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် El Salvador သည်တတိယနေရာတွင်ရှိနေသည်။

 

၄။ပါကစ္စတန်

ပါကစ္စတန်နိုင်ငံသည်လည်းငလျင်အများဆုံးလှုပ်ခတ်သောစာရင်းတွင်ပါဝင်နေပါသည်။အဆိုပါနိုင်ငံသည် Indus Suture ဒေသ ဟိမဝန္တာ၏မြောက်ဘက်တွင်တည်ရှိပါသည်။

ဤဒေသတွင်တွန်းကန်အားအမှားကြောင့်အကြီးဆုံးငလျင်ကြီးများဖြစ်ပေါ်ခဲ့သည်။

ပြင်းအား၇.၆ဖြင့် ကတ်ရှမီးယားသေဒတွင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း၇၃၀၀၀ခန့်သေဆုံးခဲ့သည်။အများစုသည်တိုင်ပြည်၏ဝေးလန်ခေါင်ပါးသောဒေသများဖြစ်သည်။မကြာသေးမှီက

ပြင်းအား ၇.၇ဖြင့်လှုပ်ခတ်ခဲ့သောငလျင်တစ်ခုတွင် ၈၂၅ ဦးသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပြီး တိုင်းပြည်၏အကြီးမားဆုံး ဆုံးရူံးမှုဖြစ်သည်။ထို့ကြောင့် ပါကစ္စတန် သည်စတုတ္ထမြောက်နေရာတွင်ရှိနေသည်။

၅။Tonga

ဤနိုင်ငံသည်ပစိဖိတ်သမုဒ္ဒရာ၏တောင်ပိုင်းတွင်တည်ရှိနေပြီးကျွန်းများဖြင့်ဖွဲ့စည်းထားသည်။ကျွန်းပေါင်း၁၇၆ခုရှိပြီး ဟာဝါရီနှင့် နယူဇီလန်တို့နှင့် အိမ်နီးချင်းဖြစ်သည်။

၂၀၁၂ခုနှစ်အတွင်း၂၁၅ ခုလှုပ်ခတ်ခဲ့ပြီးပြင်းအား ၆.၆ သာရှိခဲ့သည်။၂ဝဝ၉ ခုနှစ်တွင် ပြင်းအား ၇.၆ နှင့်ကြီးမားသောငလျင်တစ်ခုခံစားခဲ့ရသည်။၂၀၀၆ တွင်ပြင်အား ၈.၀ နှင့်တစ်ကြိမ်၊

၂၀၀၇ တွင်ပြင်းအား ၇.၉ နှင့်တစ်ကြိမ်ငလျင်နှစ်ခုလှုပ်ခတ်ခဲ့သေးသည်။ထို့ကြောင့်Tonga သည် ပဉ္စမ နေရာတွင်ရှိနေသည်။

၆။တူရကီ

တူရကီနိုင်ငံသည် Africa နှင့် Eurasian အကြားတွင်တည်ရှိသောငလျင်ဇုန်တစ်ခုဖြစ်သည်။ဤဒေသတွင်ပထဝီလှုပ်ရှားမှုအရမည်သည့်အချိန်တွင်ငလျင်လှုပ်ခတ်မည်ကိုတိုင်းတာနိုင်သော်လည်း

ကမ္ဘာပေါ်တွင်ငလျင်အများဆုံးလှုပ်ခတ်သည့်နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည်။တူရကီတွင်ငလျင်မကြာခဏလှုပ်ခတ်ပြီးအကြာဆုံးလှုပ်ခတ်သည့်သမိုင်းရှိပါတယ်။

၁၉၉၉တွင်ပြင်းအား ၇.၆ ရှိသောငလျင်တစ်ခုတူရကီအနောက်ပိုင်းတွင်လှုပ်ခတ်ခဲ့ပြီးအကြီးဆုံးနှင့်အကြားဆုံးဖြစ်ခဲ့သည်။အဆိုပါငလျင်သည် ၃၇ စက္ကန့်ကြာမြင့်ခဲ့ပြီး

လူပေါင်း ၁၇၀၀၀ကျော်သေဆုံးခဲ့သည်။လူပေါင်း ၅၀၀၀၀ ခန့်ဒဏ်ရာရခဲ့ပြီး၂၀ရာစုတွင်အဆိုးရွားဆုံးငလျင်တစ်ခုဖြစ်ခဲ့သည်။ထို့ကြောင့်တူရကီသည် ဆဋ္ဌမ မြောက်နေရာတွင်ရှိနေသည်။

၇။နယူးမက်ထရစ်

ငလျင်အများစုသည်မြေကြီးများတစ်ဘက်စီကွဲသွားစေသည်။သို့သော်နယူးမက်ထရစ်သည်ထူးဆန်းသောနိုင်ငံဖြစ်သည်။ယင်း၏ငလျင်လှုပ်ခတ်မှုအကြောင်းကိုသိပ္ပံပညာရှင်များကရှင်းပြထားသည်။

၁၈၁၁နှင့်၁၈၁၂ ခုနှစ်တွင်ငလျင်သုံးကြိမ်အကြီးအကျယ်လှုပ်ခတ်ခဲ့ပြီးပြင်းအား ၈.၀ နှင့်နယူးမက်ထရစ်တွင်အိမ်ခြံမြေများဆုံးရူံးခဲ့ရသည်။အဆိုပါငလျင်ကြောင့်စတုရန်းမိုင် ၂ သန်းခန့်ဆုံးရူံးခဲ့ပြီးထိုထဲတွင်လူဦးရေ သုံးပုံနှစ်ပုံခန့်

ပါဝင်ခဲ့သည်။ငလျင်လှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရူံးမှုများဖြစ်ပေါ်ခဲ့ပြီးသစ်ပင်များကျိုးခြင်း၊မြေပြိုခြင်းများဖြစ်ပေါ်ခဲ့သည်။ငလျင်ကြောင့်ပျက်စီးဆုံးရူံးမူများပြားခဲ့သော်လည်းလူအနည်းငယ်သာသေခဲ့သည်။ထို့ကြောင့်နယူးမက်ထရစ်သည်

သတ္တမနေရာတွင်ရှိနေသည်။

၈။Papua New Guinea

Papua New Guinea နိုင်ငံသည်ပစိဖိတ်သမုဒ္ဒရာတလျှောက်တွင်တည်ရှိနေသောကြောင့်ငလျင်လှုပ်ခတ်သောဒေသတွင်ပါဝင်နေသည်။လူအများစုသည်ကျေးလက်တောရွာများတွင်နေထိုင်သော်လည်း

တိုင်းပြည်စီးပွားရေးသည်လျှင်မြန်စွာဖြစ်ထွန်းအောင်မြင်နေသည်။

၁၉၈၈ မှစ၍ငလျင် ၂၉ ခုလှုပ်ခတ်ခဲ့ရာ၆ခုသည်၂၀၁၁တွင်ဖြစ်ပွားခဲ့သည်။ထိုငလျင်များထဲမှ ၅ ခုသည်ပြင်းအားမြင့်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်လှုပ်ခတ်ခဲ့သောတစ်ခုသည်ပြင်းအား ၇.၆ ရှိခဲ့သည်

၊နောက်ထပ်ပြင်းအား၇.၈ ဖြင့် ၂၀၀၅ ခုနှစ်တွင်လှုပ်ခတ်ခဲ့သည်။၂၀၀၀ ခုနှစ်တွင်လည်း အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။၂၀၀၀ခုနှစ်တွင်ပြင်အား၇.၈ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးထိုနေ့မှာပင်

ပြင်းအား ၈.၀ ရှိနောက်ထပ်ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။တတိယငလျင်တစ်ခုအနေဖြင့် နောက်တစ်နေ့တွင်ပြင်းအား ၇.၆ ဖြင့်လှုပ်ခတ်ခဲ့သည်။နောက်ဆုံးတစ်ခုသည်

၂၀၁၂ ဇူလိုင်လတွင်ပြင်းအား ၆.၆ ဖြင့်လှုပ်ခတ်ခဲ့သည်။ထို့ကြောင့် Papua New Guinea သည်အဋ္ဌမ မြောက်နေရာတွင်ရှိနေသည်။

၉။အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံသည်အသက်ရှင်ရန်အန္တရာယ်များပြည့်နေသည်။ပစိဖိတ်ပင်လယ်နှင့်တပြေးညီတည်ရှိနေပြီးတိုင်းပြည်၏တစ်ဝက်ခန့်သည်ပင်လယ်ရေမျက်နှာပြင်အောက်

ငလျင်လှုပ်ခြင်းအတွက်ကြီးမားသောပြဿနာဖြစ်သည်။နိုင်ငံ၏မြို့တော် ဂျာကာတာ သည် ရေကြီးခြင်းအတွက်အနိမ့်ပိုင်းတွင်ရောက်ရှိနေသည်။

အင်ဒိုနီးရှားကျွန်းများသည် Java နှင့်Sumatra အကြားအန္တရာယ်ရှိသောဒေသဖြစ်သည်။ကိုလံဘီယာတက္ကသိုလ်မှသဘာဝဘေးနှင့်အန္တရာယ်သုတေသနစင်တာက

ဤကျွန်းနှစ်ခုသည် အန္တရာယ်အရှိဆုံးနေရာများအဖြစ်သတ်မှတ်ထားကြသည်။အင်ဒိုနီးရှားတွင်ဖြစ်ပွားခဲ့သောအကျော်ကြားဆုံးဘေးအန္တရာယ်တစ်ခုသည်၂၀၀၄ တွင်Sumatra ကျွန်းတွင်ဖြစ်ပွားခဲ့သော

အိန္ဒိယသမုဒ္ဒရာငလျင်ဖြစ်သည်။အိန္ဒိယနိုင်ငံတွင် လူပေါင်း ၂၃၀၀၀၀ကျော်သေဆုံးခဲ့သောဆူနာမီသည်မြန်မာနိုင်ငံတွင်လည်း သက်ရောက်ခဲ့သည်။ပေ၁၀၀ခန့်မြင့်သောလှိုင်းလုံးကြီးများသည်ကမ်းရိုးတန်းဒေသများကိုရေလွှမ်းမိုးသွားခဲ့သည်။

အင်ဒိုနီးရှားတွင်ထိခိုက်မှုအကြီးမားဆုံးနှင့်သေဆုံးသူ ၁၇၀၀၀၀ ခန့်ရှိခဲ့သည်။မှတ်တမ်းများအရတတိယအကြီးဆုံးမြေငလျင်ဖြစ်ခဲ့သည်။ထို့ကြောင့်အင်ဒိုနီးရှားသည်နဝမနေရာတွင်ရှိနေသည်။

Global Tips Read 75 times