အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် စနစ်သစ်တွင် ဘေးအန္တရာယ်စစ်ဆေးမည့် ကမ္ဘာ့ဘဏ်၏ စနစ်ထည့်သွင်း


23 September, 2019

ရန်ကုန်မြို့၌ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် စနစ်သစ်တွင် ဘေးအန္တရာယ် ဖြစ်နိုင်မှု ရှိ၊ မရှိ စစ်ဆေးမည့် ကမ္ဘာ့ဘဏ်၏ စနစ်ထည့်သွင်း ရန်ကုန်မြို့၌ အဆောက် အအုံ ဆောက်လုပ်ခွင့်ပါမစ်စနစ် သစ်အတွက် ဘေးအန္တရာယ်ဖြစ် နိုင်မှု ရှိ၊ မရှိ စစ်ဆေးသော ကမ္ဘာ့ ဘဏ်၏ စနစ်ကို ထည့်သွင်းခဲ့ သည်။

အဆောက်အအုံ ဆောက် လုပ်ခွင့်ကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားရယူခြင်း စနစ်သစ် နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၄ ရက်က အင်ဂျင်နီယာကောင်စီ၊ ဗိသုကာကောင်စီမှ အသင်းဝင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါ စနစ်သစ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိ သူများက ထုတ်ဖော်ပြသသည်။

ရန်ကုန်မြို့တော်စည်ပင်က အဆောက်အအုံ အထပ်အမြင့် ပေါ် မူတည်၍ သုံးထပ်အောက်၊ သုံးထပ်နှင့် ရှစ်ထပ်ခွဲ၊ ကိုးထပ်အထက်ဟူ၍ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ခွဲခြားလက်ခံ စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော် ဦးကဆိုသည်။

‘‘သုံးထပ်အောက်ဆို လိုအပ် ချက်တစ်မျိုး၊ သုံးထပ်အထက်ဆို ရင် လိုအပ်ချက်တစ်မျိုး။ တကယ့် တကယ်မှာ နိုင်ငံတကာကို ကြည့် လိုက်တယ်။ ကမ္ဘာ့ဘဏ်နဲ့ ညှိလိုက်တဲ့အချိန်မှာ အထပ်အရေ အတွက်ထက် ဘေးအန္တရာယ်ဖြစ် နိုင်ခြေ၊ လူတွေအပေါ်မှာ ထိခိုက် နိုင်တဲ့များတာ၊ မများတာကို မူတည်တယ်’’ဟု ၎င်းကပြောသည်။

အွန်လိုင်းစနစ်တွင် ပါဝင် သည့် ခွဲခြမ်းစိတ်ဖြာသော အချက် အလက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွဲခြားပိုင်းဖြတ်ခြင်း မဟုတ်ဘဲ ကမ္ဘာ့ဘဏ်၏ ကျွမ်းကျင်ပညာ ရှင်များနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦး ကဆိုသည်။

အဆောက်အအုံ ဆောက် လုပ်ခွင့် အွန်လိုင်းစနစ်တွင် ဘေး အန္တရာယ်ဖြစ်နိုင်ခြေအပေါ် အ ပိုင်းနှစ်မျိုး ခွဲခြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသသည်။

Structure Risk နှင့် Use Risk ဟူ၍ ဘေးအန္တရာယ်ဖြစ်နိုင် ခြေအပေါ် ခွဲခြားထားပြီး ဆောက်လုပ်ရေးအရ မြေပြင်အနေအထား (သို့မဟုတ်) အထပ်မြင့် Base- ment အပေါ် မူတည်ကာ မည်မျှ အန္တရာယ်ဖြစ်နိုင်ခြေနည်းသည်၊ အလယ်အလတ်ရှိသည်နှင့် များ သည်ဆိုသည်ကို Structure Rick အဖြစ် သတ်မှတ်သည်။

Use Risk ၏ သတ်မှတ်ချက်အရ ဆောက်လုပ်သည့် အဆောက်အအုံတွင် လူမည်မျှနေမည်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ဆို သည်။

‘‘အခုပြောင်းမယ့်စနစ်က ကောင်းတယ်။ ဒါပေမဲ့ အင်ဂျင်နီ တွေ၊ ဗိသုကာပညာရှင်တွေ အား လုံးပါဝင်နိုင်အောင် ဆောင်ရွက် ဖို့တော့ လိုတယ်။ နောက်ပြီး အွန် လိုင်းစနစ်ဖြစ်တော့မှာ ဆိုတဲ့အ တွက် ဆက်သွယ်ရေးစနစ်မြန်ဖို့ စီစဉ်ပေးရမယ်’’ဟု အင်ဂျင်နီယာ ဦးကျော်ငြိမ်းက မှတ်ချက်ပြုသည်။

https://ybps.ycdc.gov.mm/ မှ တစ်ဆင့် အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးခြင်းကို ဆောင်ရွက်နိုင်ပါက နှစ်စဉ်လက်ခံရရှိသော လျှောက်လွှာအစောင်ရေ ၄,၀၀၀ ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော စက္ကူစာရွက်များကို အသုံးပြုစရာမလိုတော့ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆို သည်။ ယင်းအပြင် ဆောက်လုပ်ခွင့်ပါမစ်ရရှိရေး လုပ်ငန်းစဉ် ကြာချိန်ကို ယခင်သုံးလခန့်မှန် ရက် ၅၀ အတွင်း လျှော့ချနိုင်မည်ဟု ထုတ်ပြန်သည်။

အဆောက်အအုံ ဆောက် လုပ်ခွင့်ပါမစ်ကို အွန်လိုင်းစနစ် ဖြင့် လျှောက်ထားရန် ကမ္ဘာ့ဘဏ် နှင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီတို့ ပြီးခဲ့သည့် ၂၀၁၇ ကတည်းက ကြိုးစားခဲ့ပြီး ယခု စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

Laws and Regulations Read 66 times