ဧရာဝတီမြစ်တစ်ဖက်ကမ်း ကျွန်းကျေးရွာများ၌ လျှပ်စစ်မီးပေးနိုင်ရေး မြစ်ကျော်ဓာတ်အားလိုင်း တည်ဆောက်

08 January, 2021

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင် ခရိုင် မတ္တရာမြို့နယ်များရှိ ကျွန်းကျေးရွာများ လျှပ်စစ်မီးပေးနိုင်ရေးအတွက် ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အင်ဂျင်နီယာများ၊

မန္တလေးခရိုင် လျှပ်စစ် မန်နေဂျာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများက ကျေးရွာမီးလင်းရေးကော်မတီများနှင့် ပူးပေါင်း၍  မြစ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မန္တလေးခရိုင်အတွင်းရှိ ကျွန်းကျေးရွာများ မီးလင်းရေးအတွက် ဧရာဝတီမြစ်ဖြတ်ကျော် မဟာဓာတ်အား လိုင်းစနစ်ဖြင့်လည်းကောင်း၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးရွာများ မီးလင်းရေး ဆိုလာ စနစ်များဖြင့် ဆောင်ရွက်လျက်ရှိပြီး

ကျေးရွာမီးလင်းရေး ကော်မတီများနှင့် ပူးပေါင်းကာ ကျေးရွာများ တွင် ဓာတ်တိုင်များ စိုက်ထူခြင်း၊ ဓာတ်အားလိုင်ကြိုးများ သွယ်တန်းခြင်း၊ ဆိုလာများ တပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မြစ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးပါက မန္တလေးခရိုင်အတွင်း ကျေးရွာများ ရာနှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း သိရသည်။ 

မောင်ပြည်သူ(မန္တလေး)

Local Read 360 times