ရန်ကုန်-မန္တလေး-မြဝတီတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်မည်


02 November, 2020

ရန်ကုန်မြို့၊မန္တလေးမြို့နှင့် မြဝတီမြို့များတွင်ကုန်းတွင်းဆိပ်(Dry Port)များတည်ဆောက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

ရန်ကုန်တွင် MIC၏ ခွင့်ပြုချက်ဖြင့်ကုန်းတွင်းဆိပ်တစ်ခုတည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးနှင့်မြဝတီတွင်လည်းပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။

ကုန်းတွင်းဆိပ်များရှိပါကလိုချင်သည့်အချိန်တွင်ချက်ချင်းသင်္ဘောတင်လို့ရနိုင်မည်ဖြစ်ပြီးမန္တလေးမှာရှိသည့်ကုန်ကိုရထားနှင့်ချက်ချင်း dry port မှဆိပ်ကမ်းကိုပို့နိုင်ပါသည်။

လက်ရှိအနေအထားတွင်ဆိပ်ကမ်းထဲတွင်ပဲကုန်သေတ္တာကိုစစ်ဆေးရသည့်အနေအထားဖြစ်နေသောကြောင့် Dry Port ရှိပါကတချိန်တည်းစစ်ဆေးနိုင်ပြီး သင်္ဘောသို့တိုက်ရိုက်တင်သွင်းနိုင်မည်ဖြစ်သည်။

ရန်ကုန်နှင့်မန္တလေးမြို့များတွင်ကုန်းတွင်းဆိပ်ကမ်းများတည်ဆောက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သောကြောင့်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် လုပ်ငန်းလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများတင်ပြနိုင်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးမှပြောကြားချက်အရသိရသည်။

ရန်ကုန်နှင့်မန္တလေးအကြားကုန်စည်သယ်ယူပို့ဆောင်ပြေးဆွဲလျက်ရှိသည့်ယာဉ်များကို Check Point များထားပြီး စာရင်းကောက်ယူသောအခါလာရှိုး၊ မူဆယ်မှသော်လည်းကောင်း၊ လားရှိုး၊ မူဆယ်သို့ပြန်တက် သည့်ကားသော်လည်းကောင်းတစ်နေ့လျှင်အတက်အဆင်းကားအစီးရေ ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။

Daily Eleven

Retail Office and Retail Local Region Read 68 times