တစ်ရက်လျှင် အမှိုက်(၁၀)တန် မီးရှို့ဖျက်ဆီးနိုင်မည့် အမှိုက်မီးရှို့စက်တည်ဆောက်မည်

17 January, 2021

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့တွင် တစ်ရက်လျှင် စွန့်ပစ်အမှိုက်(၁၀)တန် ဖျက်ဆီးပေးနိုင်မည့် အမှိုက်မီးရှို့စက် တည်ဆောက်သွားမည်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောပါတယ် ။

``ဘတ်ဂျက်အနေနဲ့ကတော့ ကျပ်သိန်း ၈၀၀ လျာထားပါတယ် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး မြို့နယ်အတွင်း နေထိုင်လျက်ရှိတဲ့ ပြည်သူများအတွက် အမှိုက်စွန့်ပစ်ရာမှာ မြေနေရာအခက်အခဲဖြစ်နေတဲ့အပေါ် အဓိက ဖြေရှင်းပေးနိုင်စေရေး အမှိုက်အစုံ စွန့်ပစ်ခြင်း ခွဲခြမ်းခြင်း သိမ်းဆည်းခြင်း ဖျက်ဆီးခြင်းများရဲ့ စိန်ခေါ်မှုများစွာကို ဖြေရှင်းပေးနိုင်ဖို့နဲ့ လူနေသိပ်သည်းမှု ပိုမိုများပြားလာတာနဲ့အမျှ ထွက်ရှိလာမယ့် စည်ပင်သာယာအမှိုက်များကို စနစ်တကျ အမှိုက်ခွဲဝေစေပြီး လေထုညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်စေရအောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းလမ်းများနဲ့အညီ တည်ဆောက်သွားမှာဖြစ်ပါတယ်´´ လို့ ၎င်းက ပြောပါတယ် ။

လာမည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စဉ့်ကိုင်မြို့နယ်တွင် အမှိုက်မီးရှို့စက် စတင်တည်ဆောက်နိုင်ရန်မြို့နယ်စည်ပင်သာယာရေးကော်မတီမှာ ဘတ်ဂျတ်လျာထား စီစဉ်ထားရှိပြီးဖြစ်သည့်အပြင် မြေနေရာကိုလည်း စဉ့်ကိုင်မြို့၏ အနောက်ဘက်၌ ယခင်ဘတ်ဂျတ်နှစ်ကတည်းကပင်မြေနေရာကို ဝယ်ယူထားရှိပြီးဖြစ်ကြောင်း အမှိုက်မီးရှို့စက် တည်ဆောက်ဆောက်ပြီးစီးသွားပါက တစ်ရက်လျှင် အမှိုက်(၁၀)တန်ကို မီးရှို့ဖျက်ဆီးသွားနိုင်မှာဖြစ်ကြောင်း သိရပါတယ် ။

ကေဝိုင်

Factory and Industrial Plant Read 496 times