စွန့်ပစ်ပလတ်စတစ်မှ လောင်စာဆီစက်ရုံတည်ဆောက်မှု


14 November, 2020

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဘုတလင်မြို့တွင် စွန့်ပစ်ပလတ်စတစ်ဖြင့်လောင်စာဆီထုတ်လုပ်ရန်အတွက် တစ်ရက်ဂါလန် ၁ဝဝထွက်

အဆင့်မြင့် လောင်စာဆီစက်ရုံတည်ဆောက်မှု ၉ဝရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

မြို့၏သန့်ရှင်းသာယာလှပရေးကို အနှောင့်အယှက်ဖြစ်ပေါ်စေသည့် ပလတ်စတစ်အမှိုက်အား သန့်ရှင်းစေမည်ဖြစ်သည်။

ယခုတည်ဆောက်သော တစ်ရက်ဂါလန် ၁ဝဝ ထွက်သည့်စက်ရုံအတွက် စွန့်ပစ်ပလတ်စတစ်အမှိုက်လိုအပ်ချက်သည် တစ်ရက်လျှင် ပိဿချိန် ၁၂ဝဝခန့်

လိုအပ်ကြောင်း၊ထိုအတွက်မြို့နယ်တွင်း ထွက်ရှိသော ပလတ်စတစ်အမှိုက်နှင့် မလုံလောက်လျှင်မုံရွာမြို့မှ ပလတ်စတစ်အမှိုက် ဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

စွန့်ပစ်ပလတ်စတစ်အမှိုက်ပိဿချိန်၁၂ဝဝအတွက် ငွေကျပ် ၂၄၄,ဝဝဝကုန်ကျမည်ဖြစ်ပြီး ယင်းပိဿချိန် ၁၂ဝဝမှ အဆင့်မြင့် ဒီဇယ်ဆီ ပီပါနှစ်လုံး ထွက်ရှိမည်ဖြစ်သည်။ပီပါတစ်လုံးကို ငွေကျပ် ၂ဝဝ,ဝဝဝ နှုန်းဝန်းကျင်ပြန်လည်ရရှိမည်ဖြစ်ကြောင်း

ချင်းတွင်း ဓာတု အင်ဂျင်နီယာလုပ်ငန်းမှ ပြောကြားကြောင်း သိရသည်။

စွန့်ပစ်ပလတ်စတစ်အမှိုက်ဖြင့် ချက်လုပ်သည့် အဆင့်မြင့်ဒီဇယ်ဆီများကို လယ်ယာလုပ်ငန်းခွင်များတွင် တန်ဖိုးချိုသာစွာဖြင့်အသုံးပြုနိုင်ရန်အတွက် တောင်သူများအား ဦးစားပေးဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Source:The Mirror

Factory and Industrial Plant Read 31 times