ဆောက်လုပ်ရေးသမားဆိုရင် သိထားရမယ့်အရာတွေ


12 October, 2019

ဆောက်လုပ်ရေးသမား’ ဆိုတဲ့အထဲမှာ အဆောက်အဦကို အဓိကတာဝန်ယူ တည်ဆောက်မယ့် “ကန်ထရိုက်တာ” ပါတယ်။ နောက်ကန်ထရိုက်တာဆီကနေ တဆင့်လွှဲပြောင်းတာဝန်ယူမယ့်. “ဆတ်ကန်ထရိုက်တာ” တွေ ပါတာပေါ့။ ပြီးတော့ ဆောက်လုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ပေးသွင်းသူ “ဆပလိုင်ယာ” တွေ ပါတာပေါ့။

“ဆောက်လုပ်ရေးလုပ်ငန်း” လို့ ပြောလိုက်တာနဲ့ ကြီးမားမယ်၊ ရှုပ်ထွေးမယ်၊ ငွေပမာဏများမယ်ဆိုတာ ပြောနေဖို့ မလို။ လူတိုင်းသိပြီးသား။ တခါ ဒီလိုလုပ်ငန်းမျိုး ကိုယ့်မှာရှိလိုက်ပြီဆိုတာနဲ့၊ ဥပဒေကြောင်းအရ လုပ်ကိုင်ရတဲ့ အသက်မွေး လုပ်ငန်းတစ်ခု ကိုယ့်လက်ထဲကို နီးနီးကပ်ကပ် ရောက်လာတော့မှာပါလားလို့ ယုံကြည်မှု ပိုလာပါတော့တယ်။

ဒီဆောင်းပါးမှာတော့ “ဆောက်လုပ်ရေးဥပဒေ” သြဇာသက်ရောက်ရာ အဓိကနယ်ပယ်တွေ၊ အကြောင်းကိစ္စတွေမှာ “ဒီဥပဒေ” က ဘယ်ပုံ ဘယ်နည်း ကိုင်တွယ် စီမံခန့်ခွဲတယ်ဆိုတာကို ဆွေးနွေးသွားမှာပါ။

ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ တစ်ခုနဲ့တစ်ခု မတူကွဲပြားခြားနားနေတာကြောင့်ဆောက်လုပ်ရေး ဥပဒေတွေကလဲ မတူကွဲပြားခြားနားနေရပါတယ်တဲ့ ........ဒီအဆိုကို ဖတ်ကြည့်ရင် နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သလိုပါပဲ။ ဒါပေမယ့် ဘာမှမပြောသေးဘဲ ရှင်းပြတာကို ဆက်ဖတ်ကြည့်ပါဦး။

တကယ်တော့ “ဆောက်လုပ်ရေးလုပ်ငန်း” ဆိုတာ လုပ်ငန်းတစ်ခုတည်းကို လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုး မဟုတ်ပါဘူး။ အတိအကျ ပြောရရင် “လုပ်ငန်းသဘာဝချင်း၊လုပ်ကိုင်ပုံချင်းမတူတဲ့ လုပ်ငန်းအမျိုးအစားသုံးလေးခုကို ပေါင်းစု ထားတာပဲဖြစ်ပါတယ်။ “ဆောက်လုပ်ရေး စီမံကိန်းကို အောင်မြင်အောင် လုပ်ကြမယ်ဆိုပြီး ပေါင်းစုမိကြတာပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းကို စတင်လုပ်ကိုင်သူတွေအတွက် ဗိသုကာလုပ်ငန်းတွေ၊ အင်ဂျင်နီယာလုပ်ငန်းတွေ ရှိပါတယ်။ နောက်ပြီး သံမဏိ၊ သစ်သား၊ ဖန်၊ ကွန်ကရစ် စတာတွေနဲ့ဆိုင်တဲ့ လုပ်ငန်းတွေလဲ ရှိပါသေးတယ်။ ဒီမှာ ပိုက်ပြင်တာတို့၊ လျှပ်စစ်တို့နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကိုလဲ မေ့ထားလို့မရပြန်ပါဘူး။

ဒီမှာ အဓိကပြောလိုတာက “သီးခြားတစ်ခုတည်း ရပ်တည်နေတဲ့” ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ မရှိပါဘူး။ ဘက်စုံ စီးပွားရေးလုပ်ငန်းလို့ပြောတာက မှန်ပါလိမ့်မယ်။ မိတ်ဆွေတို့ရဲ့ ဆောက်လုပ်ရေး စီမံကိန်းနဲ့ဆိုင်တဲ့ နေ့စဉ်ကူးသန်းရောင်းဝယ် မှုပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းကို အမေရိကန်ပြည်ထောင်စု စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လုပ်ကိုင်ဖို့ ခန့်မှန်းလျာထားပါတယ်။ဒါဟာ ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ထရီလီယံ ၂၀ ကျော်ဖြစ်ပါတယ်။

တွေး ကြည့်မယ်ဆိုလျှင် နှစ်တိုင်းလုပ်ကိုင်နေတဲ့ စီမံကိန်းတစ်ခုချင်းရဲ့ အရေအတွက်ဟာ အံ့သြတုန်လှုပ်စရာပါပဲ။ မြန်မာနိုင်ငံမှာရော ဘယ်အတိုင်းအတာထိ ရှိမယ်လို့ မိတ်ဆွေထင်ပါသလဲ။ ဒါပေမယ့် ဆောက်လုပ်ရေးဥပဒေဟာ ဘယ်နေရာတွေမှာ အံဝင်ဂွင်ကျဖြစ်သလဲလို့ မေးလာရင်တော့ “နေရာတိုင်း နီးပါး” မှာ အံဝင်ဂွင်ကျဖြစ်တယ်လို့ ပြောရမှာပါ။ မိတ်ဆွေက ဘယ်လို လူစားမျိုးလဲဆိုတဲ့အပေါ်လဲ မူတည်တာပေါ့လေ။ ဒါဟာ ကောင်းတဲ့ အရာလဲဖြစ်နိုင်သလို ဆိုးတဲ့အရာလည်း ဖြစ်နိုင်ပါတယ်။

အနီးနားဝန်းကျင်ဒေသတွေမှာ လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေကို ကြည့်လိုက်ရင် လုပ်ငန်းအားလုံး ရဲ့ ၁၀ ရာခိုင်နှုန်းဟာ ဥပဒေအရ တောင်းဆိုတာတွေနဲ့ပဲ ချောင်ပိတ်မိနေကြတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူ တွေက ထင်မှတ်ယုံကြည်နေကြပါတယ်။ ဒါဟာ မိုက်မဲတာပါပဲ။ အထက်မှာ မိတ်ဆက်ခဲ့တဲ့ ကိန်းဂဏန်းတွေကိုသာ ချပြလိုက် ရင် မိတ်ဆွေအတွက် သေချာပေါက် အရာနှစ်ခု ထွက်ပေါ်လာနိုင်ပါတယ်။ အဲဒါတွေကတော့ -

၁။နှစ်စဉ် ဆောက်လုပ်ရေးကတောင်းဆိုတဲ့ ဒေါ်လာတန်ဖိုးဟာ အဆမတန်ကြီးမားနေတယ်။


၂။ မကြာခင်မှာ ဆောက်လုပ်ရေးဥပဒေရဲ့ အလုပ်ပြစ်မှုတွေဟာ ဘယ်မှာမှရှိတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။


၃။ ဆောက်လုပ်ရေး ဥပဒေကို မတူကွဲပြားတဲ့ ဥပဒေဆိုင်ရာ အထူးပြုမှုများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်တဲ့..... (ဆောက်လုပ်ရေးဆိုတဲ့ စကားလုံးလိုပေါ့)

 

‘လုပ်ငန်း’ ဆိုတဲ့ စကားလုံးလိုပါပဲ ‘ဆောက်လုပ်ရေးဥပဒေ’ ဟာလည်း တကယ်တော့ ဥပဒေကျင့်သုံးမှုအတွက် တိတိ ကျကျ သတ်မှတ်ထားတဲ့ ဥပဒေတွေထဲက အစိတ်အပိုင်းတစ်ခုတော့ မဟုတ်ပါဘူး။ ထိုနည်းတူစွာပဲ လူပုဂ္ဂိုလ်ဆိုင်ရာ အကျိုး ပျက်ဆီးနစ်နာစေမှု ဥပဒေကို ကျင့်သုံးတာမျိုးလည်း ဖြစ်နိုင်တယ်ဆိုပါတော့။

ဒါပေမယ့် ဆောက်လုပ်ရေးဥပဒေဟာ မတူကွဲ ပြားတဲ့ ဥပဒေဆိုင်ရာ နယ်ပယ်များစွာကို ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ဥပဒေကြီးတစ်ခုပါ။ ဒီမှာ စာချုပ်ဥပဒေတွေ၊ ဘဏ္ဍာရေး၊ အိမ်ခြံမြေလုပ်ငန်း၊ ဒေဝါလီခံတဲ့ကိစ္စတွေ၊ အုပ်ချုပ်ရေးနဲ့ဆိုင်တာတွေ၊ အလုပ်အကိုင်နဲ့ဆိုင်တာတွေ၊ သဘာဝပတ် ဝန်းကျင်နဲ့ဆိုင်တာတွေ၊ အာမခံလုပ်ငန်းတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ဆိုင်တာတွေ ပါတာပေါ့။ ဒါက အနည်းငယ်လောက်ကိုသာ အမည်ဖော်ပြတာပါ။

မတူကွဲပြားတဲ့ ဥပဒေဆိုင်ရာ နယ်ပယ်များစွာကို စနစ်တကျမဟုတ်ဘဲ ကြုံသလို အုပ်စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောက်လုပ်ရေးဥပဒေဟာ ကိုယ့်မူကိုယ့်ဟန်နဲ့ သိသာထင်ရှားတဲ့ ကျင့်သုံးမှုဆိုင်ရာ နယ်ပယ်ကြီးတစ်ခုအဖြစ် ကြီးထွားနေပါပြီ။

အခု ခေတ်လုပ်ငန်းကြီး၊ ငယ်တွေနဲ့ တစ်ကိုယ်တော် ပညာရှင်လုပ်ငန်းလုပ်ကိုင်သူတွေ အားလုံးကတော့ ဆောက်လုပ်ရေးဖြစ်စဉ်ကြီး ထဲမှာရှိတဲ့ ဆောက်လုပ်ရေးနဲ့ ဆက်နွှယ်နေသူအားလုံးကို အကြံအဉာဏ်တွေ၊ အထောက်အပံ့တွေ ပေးနေပါတယ်။ ဒီလို အကြံဉာဏ်ရယူတာမျိုးဟာ ဒီထက်ပိုကြီးတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေအတွက်တော့ ဖြစ်တောင့် ဖြစ်ခဲကိစ္စတွေ မဟုတ်တော့ ပါဘူး။

ဒါဟာ လိုအပ်တာထက်ပိုပြီး လွယ်ကူရှင်းလင်းအောင်လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့မဆို ဒါကိုအစီအစဉ်တကျဖြစ်အောင် လုပ်ဆောင်ကြည့်ရပါမယ်။

ပထမအဆင့်အနေနဲ့ နယ်ပယ်သုံးခုအဖြစ် ခွဲစိတ်ကြည့်ကြပါတယ်။

(က) ပရောဂျက်မတိုင်မီ (ပရေဂျက်လုပ်ငန်း မစတင်မီ)


( ခ ) ပရောဂျက်ကာလအတွင်း (ဆောက်လုပ်ရေးကို အားစိုက်ခွန်စိုက် ဆောင်ရွက်နေတဲ့အဆင့်)


( ဂ ) ပရောဂျက်အပြီး (အားစိုက်ခွန်စိုက်လုပ်ကိုင်ပြီးစီးတဲ့အဆင့်)

Source-U Phoe Phyu

How To Read 71 times