ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်းများ မြန်မာနိုင်ငံတွင် ပြသရောင်းချမည်


02 November, 2020

 

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိစီးပွားရေးအချက်အချာကျသည့် Sukhumvit လမ်းမပေါ်ရှိ 
Whizdom 101 အိမ်ရာစီမံကိန်းမှကွန်ဒိုတိုက်ခန်းများအရောင်းပြပွဲကို SQFT Global Properties ကဦးစီးကာရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင်ဇူလိုင် ၂၂ နှင့် ၂၃ ရက်တို့၌ကျင်းပမည်ဖြစ်သည်။

Whizdom 101 အိမ်ရာစီမံကိန်းသည် ဘိုးဘွားပိုင်မြေပေါ်တွင်တည်ဆောက်ထားသည့်ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံ ကိန်း (Integrated Project) ဖြစ်သည်။

ရောင်းချရာတွင်လည်းလက်ငင်းငွေ ၃၀ ရာခိုင်နှုန်းပေးသွင်း၍ ကျန်ငွေကိုနိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ပြီးဘဏ်ချေးငွေဖြင့်ဝယ်ယူနိုင်ကြောင်းအဆိုပါပြပွဲကိုစီစဉ်သည့် SQFT Global Properties မှပြောသည်။

ဘန်ကောက်အိမ်ရာစီမံကိန်းကိုဘာဖြစ်လို့ မြန်မာနိုင်ငံကိုယူလာရလဲဆိုတော့ ဘန် ကောက်ဆိုတာ နိုင်ငံခြားဖြစ်သော်လည်းမြန်မာနိုင်ငံနှင့်သွားလာရေးလည်းလွယ်ကူပါသည်။

ဘန်ကောက်တွင်အိမ်ခြံမြေဈေးတက်နေသော်လည်းကနဦးပေးသွင်းရမည့်ရာခိုင်နှုန်းနည်းပါးသဖြင့် ရင်းနှီးမြှုပ်နှံသူများဝယ်ယူထားသင့်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများကိုတရားဝင်ဝယ်ယူခွင့်ပေးထားပြီးမြေပိုင်ဆိုင်မှုမပါဝင် ကြောင်းသိရသည်။

ဝယ်ယူထားသူများသည်ပိုမိုခိုင်မာစေရန်ထိုင်းနိုင်ငံသားတစ်ဦးကိုကိုယ်စားလှယ်ပုံစံထားရှိကာ ဝယ်ယူပါကပိုမိုစိတ်ချရကြောင်းအိမ်ခြံမြေအကျိုးဆောင်ဦးမျိုးနောင်ကပြောသည်။

ပြပွဲတွင်ရောင်းချမည့် Whizdom 101 အိမ်ရာစီမံကိန်းသည် ၂၀၁၈ တွင်ပြီးစီးမည်ဖြစ်ပြီးအထပ် ၄၁ ထပ်ရှိအဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့တွင်ပြီးခဲ့သည့်နှစ်များကလည်းအိမ်ရာနှင့်ပတ်သက်သောနိုင်ငံတကာအဖွဲ့အစည်းအချို့က စင်ကာပူ၊ တရုတ်နိုင်ငံနှင့်ဟောင်ကောင်မြို့များမှအဆင့်မြင့်ကွန်ဒိုတိုက်ခန်းအချို့ကို လာရောက်ရောင်းချခဲ့ဖူးကြောင်းသိရသည်။

7daydaily

Global Events Read 42 times