ထိုင်းတွင် ကွန်ဒိုဈေးနှုန်းများ ကျဆင်း


19 October, 2023

ထိုင်းတွင် ကွန်ဒိုဈေးနှုန်းများ ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

နွန်သဘူရီနှင့် စမွတ်ပရာကန်ရှိ ကွန်ဒိုအသစ်များ၏ ဈေးနှုန်းညွှန်းကိန်းသည် ၃လပတ် ၄ခုဆက်တိုက် ကျဆင်းခဲ့သည်။ ပရောဂျက်အဟောင်းများတွင် မရောင်းရသေးသော ယူနစ်များ ကျန်ရှိနေခြင်းကြောင့် ဈေးကျနေခြင်း ဖြစ်သည်။

အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ ခေတ္တညွန်ကြားရေးမှူးချုပ် Vichai Viratkapan က ၎င်းပြည်နယ်နှစ်ခုအတွက် ကွန်ဒို စျေးနှုန်းအညွှန်းကိန်း ကျဆင်းမှုသည် ၂၀၂၁ ခုနှစ်မတိုင်မီ ကတည်းက စျေးကွက်တွင် ရှိနေခဲ့သော ပရောဂျက်ဟောင်းများ တွင် ရောင်းမထွက်သေးသည့် တိုက်ခန်းများ ကျန်ရှိနေသောကြောင့်ဟု ပြောကြားသည်။

"လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဒီပြည်နယ်တွေမှာ စတင်ရောင်းချခဲ့တဲ့ ပရောဂျက်တွေမှာ မရောင်းရသေးတဲ့ ကွန်ဒိုအခန်းတွေ အများအပြားရှိခဲ့ပါတယ်။ ဒီပရောဂျက်တွေက လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ကုန်ကျစရိန်တွေနဲ့ ဆောက်လုပ်ခဲ့တာ ဆိုတော့ အခုဆောက်တဲ့ ကွန်ဒို အသစ်အသစ်တွေထက် လုပ်သားခ၊ ပစ္စည်းဖိုး စရိတ်စက သက်သာတယ်" ဟု ၎င်းက ဆိုသည်။

 
REIC က ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်အကုန်တွင် နွန်သဘူရီမှာ မရောင်းရသေးသော စုစုပေါင်း ဘတ် ၁၄.၈ ဘီလီယံတန်ဖိုးရှိ အခန်းစုစုပေါင်း ၆,၇၀၅ ခန်း ရှိနေသည်ဟု ဆိုသည်။
၎င်းအခန်းများတွင် ထက်ဝက်ကျော် ၃,၄၈၅ ခန်းသည် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ ၎င်းကွန်ဒိုအခန်းများတွင် ၈၇% သည် ရောင်းဈေး ဘတ် ၃ သန်းနှင့်အောက်တွင်သာ ရှိသည်။


စမွတ်ပရာကန်တွင် မရောင်းရသေးသော စုစုပေါင်း ဘတ် ၂၃.၂ ဘီလီယံတန်ဖိုးရှိ အခန်းစုစုပေါင်း ၅,၉၁၁ ခန်း ရှိနေသည်။ ၈၂၅ ခန်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည်။ ယင်းတို့တွင် ၈၆% သည်  ရောင်းဈေး ဘတ် ၃ သန်းနှင့်အောက်တွင်သာ ရှိသည်။

စီမံကိန်းအသစ်များမှ အခန်းများထက် ၎င်းအခန်းများက ဈေးသက်သာသော်လည်း ဘဏ်ချေးငွေ အတိုးနှုန်း မြင့်မားနေသဖြင့် အိမ်ရာချေးငွေ ရယူပြီး ဝယ်ယူဖို့ လက်တွန့်နေကြသဖြင့် ဝယ်လက် မရှိ ဖြစ်နေသည်။ 

"၂၀၂၁ မတိုင်မီ စတင်ခဲ့တဲ့ ပရောဂျက်များမှ အခန်းတွေအတွက် လျှော့စျေးကမ်ပိန်းတွေ လုပ်နေကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

REIC ၏ အဆိုအရ ဘန်ကောက်နှင့် ဘန်ကောက်အနီးရှိ ပြည်နယ်နှစ်ခုတို့တွင် ရောင်းချသည့် ကွန်ဒိုအသစ်များ၏ စျေးနှုန်းအညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ၁၅၅.၀ ဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ ဈေးတက်လာသည်မှာ ယခုအခါ ၃ လပတ် ၃ ခု ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

 


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Region Read 282 times