ကွန်ဒိုမှတ်ပုံတင်ကြေး နှုန်းထားများကို ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်


09 December, 2019

ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီ(YCMC) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမှတ်ပုံတင်ကြေးများ ပေးဆောင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာလိုက်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရသည်။

         ကွန်ဒိုမီနီယံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် လုပ်ငန်းလိုင်စင်ကြေးမှာ ကျပ် သိန်း ၁၀၀ (ကန်ဒေါ်လာ ၆၆၃၆) ဖြစ်ပြီး ကွန်ဒိုခန်းများကို မှတ်ပုံတင်ရန်အတွက် ပေးသွင်းရမည့် အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

- ကျပ်ငွေ သိန်း ၁၀၀၀ (ကန်ဒေါ်လာ ၆၆၀၀၀) အထက် ကွန်ဒိုခန်းများအတွက် တစ်ခန်းလျှင် ကျပ် ၂၀၀၀၀ (ကန်ဒေါ်လာ ၁၃)

- ကျပ်ငွေ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ ကြား (ကန်ဒေါ်လာ ၆၆၀၀၀ မှ ၂၀၀၀၀၀) အကြားတန်ကြေးရှိသော အခန်းများအတွက် တစ်ခန်းလျှင် ကျပ်ငွေ ၃၀၀၀၀ (ကန်ဒေါ်လာ ၂၀)

- ကျပ်ငွေ သိန်း ၃၀၀၀ (ကန်ဒေါ်လာ ၂၀၀၀၀၀) အထက် တန်ကြေးရှိသော အခန်းများအတွက် တစ်ခန်းလျှင် ကျပ်ငွေ ၅၀၀၀၀ (ကန်ဒေါ်လာ ၃၃) ပေးဆောင်ရမည်ဟု ဆိုသည်။

 

<< condo အရည်အသွေးပြည့်မပြည့်ကို ကွန်ဒိုစီမံခန့်ခွဲရေးကော်မတီ စစ်ဆေး >>

 

(ရန်ကုန် ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီ- YCMC)

        ပြည်ထောင်စုအစိုးရက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွန်ဒိုဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ် အစောပိုင်းတွင် YCMC ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

        YCMC ၏ ဥက္ကဌမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဖြစ်သည်။

 

        ဒေါ်နီလာကျော်သည် ရန်ကုန်မြို့သစ်ဆောက်လုပ်ရေးကော်မတီ၏ ဥက္ကဌလည်း ဖြစ်သည်။

 

        ကော်မတီအနေဖြင့် အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ ကုမ္ပဏီ ၁၉ ခုသို့ လုပ်ငန်းလိုင်စင်များ ချထားပေးပြီးလည်း ဖြစ်သည်။

 

        ကုမ္ပဏီ ၁၉ ခုအနက် အချို့သော ကုမ္ပဏီများမှာ ကွန်ဒိုခန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစတင် အကောင်အထည်ဖော်နေကြပြီဖြစ်ရာ ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်း၏ ပန်းစွယ်တော်ကွန်ဒို စီမံကိန်းကိုလည်းကောင်း၊ Living Square ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်း၏ ပထမဆုံး ကွန်ဒိုစီမံကိန်းဖြစ်သော Kabaraye Executive Residence ကိုလည်းကောင်း၊ နေကမ္ဘာဆောက်လုပ်ရေး က မကြာသေးမီက အပြီးသတ်ခဲ့သော Royal Maung Bamar Residence ကိုလည်းကောင်း မှတ်ပုံတင်ခြင်းများ စတင်ပြုလုပ်နေကြသည်။

 

YCMC ၏ (၁/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ ...

၁။ ရွှေတောင်ဆောက်လုပ်ရေး

၂။ စေပိုင် ဆောက်လုပ်ရေး

၃။ တက်လမ်း

၄။ ဒဂုံ အင်တာနေရှင်နယ်

၅။ ရွှေဇမ္ဗူဒိပ်

၆။ Myanmar Imperial Vega

၇။ One One One

၈။ ရှိုင်းဆောက်လုပ်ရေး

၉။ Nation Light

၁၀။ Mandalay Golden Wings ဆောက်လုပ်ရေး

၁၁။ Living Square ဆောက်လုပ်ရေး

၁၂။ နေကမ္ဘာ မြန်မာ

 

YCMC ၏ (၂/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ ...

၁။ ငပလီ အင်တာပရိုက်စ်

၂။ Capital Development

၃။ iGreen

၄။ Myanmar Seilone

၅။ KHG ဆောက်လုပ်ရေး

၆။ Modern Key Technique (MKT) ဆောက်လုပ်ရေး

၇။ နိုင်ဂရု(ပ်)


Source: iMyanmarhouse

How To Laws and Regulations Read 92 times