ကုမ္ပဏီများ ကန်ထရိုက် မှတ်ပုံတင်ခြင်း


01 January, 2020

မြန်မာနိုင်ငံ၏ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေး လုပ်ငန်းကော်မတီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီများအား စိစစ်၍

တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးထိန်းသိမ်းရေး ကုမ္ပဏီ (၆)ခု

အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အကြံဉာဏ်ပေးသော ကုမ္ပဏီ (၂)ခု

အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (၄)ခု

 

တည်ဆောက်ရေးလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီ (၁၀၀၇)ခု

အဓိက တည်ဆောက်ရေးပစ္စည်းပေးသွင်းသည့် ကုမ္ပဏီ (၁၉)ခု စုစုပေါင်း (၁၀၃၈)ခု ထုတ်ပေးပြီး ဖြစ်ပါသည်။

 

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ တည်ဆောက်ရေးလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် အရည်အသွေးထိန်းသိမ်းရေးကုမ္ပဏီ (Quality Control)၊ အင်ဂျင်နီယာပညာရပ် ဆိုင်ရာ အကြံဉာဏ်ပေးသောကုမ္ပဏီ (Engineering Consultant)၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသောကုမ္ပဏီ (Service)၊ တည်ဆောက်ရေးကုမ္ပဏီ (Construction)နှင့် အဓိက တည်ဆောက်ရေးပစ္စည်း ပေးသွင်းသည့်ကုမ္ပဏီ (Trading)များအား ကန်ထရိုက်မှတ်ပုံတင်လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

မှတ်ပုံတင်လက်မှတ် ရရှိပြီးသော ကုမ္ပဏီများအနေဖြင့်လည်း သက်တမ်းတိုးခြင်းကို (၁)နှစ်လျှင် (၁)ကြိမ် ဆက်လက်ဆောင်ရွက်ရပါမည်။ ထိုသို့ဆောင်ရွက်ရာတွင် ကုမ္ပဏီများမှ ကန်ထရိုက်မှတ်ပုံတင်ခြင်းနှင့် နှစ်စဉ်ကြေးများ ပေးသွင်းရန် မလိုအပ်ပါ။

 

သို့ဖြစ်ပါ၍ လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေး လုပ်ငန်းကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်တွင် လျှောက်လွှာများကို ရုံးချိန်အတွင်း ထုတ်ယူ၍ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန Website တွင် Download ရယူ၍ လည်းကောင်း လျှောက်ထားနိုင်ပါသည်။ 

သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်အချက်အလက်များကို သိရှိလိုပါကကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်၊ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၇၅၄၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Laws and Regulations Read 186 times