Community Office District


27 October, 2020

ခရိုင်စုပေါင်းရုံး အဆောက်အအုံစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြိး ကန့်ဘလူမြို့တွင် တည်ဆောက်လျှက် ရှိကြောင်းသိရသည်။

ထိုစီမံကိန်းကိုခရိုင်စုပေါင်းရုံးအဆောက်အအုံကို တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄၀၀ ဖြင့်တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို တင်ဒါအောင်သော Radiant Pole Star Internation ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ပေးထားခြင်း ဖြစ်သည်။

ထိုအဆောက်အအုံမှာ ၂၂၄x၁၇၆ ပေ ကျယ်ဝန်းပြီး အထပ်နှစ်ထပ်ပါဝင်မည်ဖြစ်ပြီး အာရ်စီအမျိုးအစား ဖြစ်ကြောင်း သိရသည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီတို့ ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုအဆောက်အအုံဆောက်လုပ်မည့် နေရာတွင် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပန္နတ်တင်ခဲ့သည် ဟု သိရသည်။

Source :Myanmaralin

Institution Read 25 times