စုပေါင်းပိုင် အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများသတ်မှတ်


23 September, 2019

စုပေါင်းပိုင် အဆောက်အအုံဆောက်လုပ်ခြင်း စံချိန်စံညွှန်းများ သတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ရာတွင် အဆောက်အအုံတစ်ခု ဖြစ်ရန်အတွက် အထပ်အရေအတွက် (၆)ထပ် ပါရှိရမည်ဖြစ်သည်။

ယင်းအထပ်အခြောက်ထပ်တွင် အိပ်ခန်းအရေအတွက် အနည်းဆုံး ၆ ခန်းပါရှိမည်ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံတွင် စုပေါင်းပိုင်သူမျးအသုံးပြုရန် ယာဉ်ရပ်နားရန်နေရာ၊အမှိုက်ပစ်ရန်နေရာ၊ အမှုဆောင်အဖွဲ့အသုံးပြုရန် ရုံးခန်း၊ဓာတ်လှေကား၊စာတိုက်ပုံးနှင့်အများပြည်သူဆိုင်ရာနေရာ(Community Space)တို့ ပါရှိရမည်ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် အညီဆောက်လုပ်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

Laws and Regulations Read 79 times