နိုင်ငံခြားသားများအား ရောင်းချနိုင်မည့် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) ကို တရားဝင်မှတ်ပုံတင်နိုင်


07 December, 2019

     နိုင်ငံခြားသားများကို ရောင်းချခွင့်ရရှိမည့် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) အခန်းများကို တရားဝင်စတင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှ သိရသည်။

          အဆိုပါစုပေါင်းအဆောက်အအုံဆိုင်ရာမှတ်ပုံတင်ရုံးကို ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ " အခုကတော့ စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းလိုင်စင်၊ တည်ထောင်ခွင့်ပြုမိန့်တွေ လေ ျှာက်ထားလို့ ရပါပြီ။ လက်ရှိမှာတော့ တည်ဆောက်ဆဲနဲ့တည်ဆောက်ပြီး အဆောက်အအုံတွေအတွက် စတင်ဆောင်ရွက်ပေးနေပါပြီ " ဟု စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှ ဦးဝေစံသိန်း က ပြောသည်။

          စုပေါင်းပိုင်အဆောက်အအုံအဖြစ်မှတ်ပုံတင်ပြုလုပ်ရာတွင် စတုရန်းပေ ၂၀၀၀၀ အထက် ကျယ်ဝန်းသည့် မြေပေါ်တွင် ခြောက်ထပ်နှင့်အထက် တည်ဆောက်ထားသည့် အဆောက်အအုံ ဖြစ်ရမည်ဖြစ်ပြီး မြေပိုင်ဆိုင်မှုကိုလည်းစုပေါင်းပိုင်အဖြစ် ခွဲဝေပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာလုပ်ငန်းလိုင်စင်ကိုလည်း သီးသန့်လေ ျှာက်ထားရမည်ဖြစ်ကြောင်း သိရသည်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးအနေဖြင့် ကွန်ဒိုမှတ်ပုံတင်ခြင်းအပြင် စုပေါင်းပိုင်အဆောက်အအုံမှအခန်းများကို ပိုင်ရှင်တစ်ဦးချင်းစီအလိုက် မှတ်ပုံတင်စာအုပ်(အုံနာဘုတ်) ထုတ်ပေးခြင်းများ၊ နိုင်ငံခြားသားရောင်းချရာတွင်လည်း အဆောက်အအုံအခန်း၏ ၄၀ ရာခိုင်နှုန်းအထက် ကျော်လွန်ခြင်းမရှိစေရန် စိစစ်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Laws and Regulations Read 76 times