ပြည်တော်သစ်အိမ်ရာရှိ အဆောက်အဦးဟောင်းအား ဖြိုဖျက်ရန် အိတ်ပိတ်လေလံခေါ်


24 November, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့နယ်၊ပြည်တော်သစ် အိမ်ရာရှိ (၆)ခန်းတွဲ (၄)ထပ်

အဆောက်အဦးဟောင်း (၁)လုံးအား ဖြိုဖျက်ရှင်းလင်းနိုင်ရေးအတွက် လေလံတင်ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် အိတ်ပိတ်လေလံ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

လေလံလျှောက်လွှာရောင်းချမည့်ရက်မှာ ၁၆.၅.၂ဝ၁၈ မှ ၂၉.၅.၂ဝ၁၈ ရုံးချိန်အတွင်း ဖြစ်သည်။

လေလံလျှောက်လွှာ တင်သွင်းရမည့်ရက်မျာ ၃ဝ.၅.၂ဝ၁၈ ရုံးချိန်အတွင်း ဖြစ်သည်။

လေလံလျှောက်လွှာတင်သွင်းရမည့်နေရာမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအမှတ်(၂၂၈/၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်ဖြစ်သည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ဝ၁-၃၇၅ဝ၃၇၊ဝ၁-၃၈၇၂၆၂သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Events Read 73 times