ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၌ ယခုနှစ်အတွင်းဖော်ဆောင်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ


10 December, 2019

  မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် အစိုးရတို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအိမ်ရာကို ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် ယခုနှစ်အတွင်း ဖော်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောဆိုသည်။
 
ရည်မှန်းထား

 " စီမံကိန်းက စတာသုံးလလောက်ပဲရှိသေးတယ်။ ပြည်သူ့အိမ်ရာတော့ မဟုတ်သေးဘူး။ အသင်းနဲ့ အစိုးရပူးပေါင်းတယ်ဆိုပေမယ့် ပြည်ထောင်စုဘတ်ဂျက်နဲ့ တင်ဒါပေးတဲ့သဘော ပဲ။ အဓိကကတော့ အငြိမ်းစားဝန်ထမ်းတွေ ပေးမှာပါ။ လုပ်ငန်းရှင်ရယ်၊ နိုင်ငံတော်ပေါ်လစီနဲ့ ပေါင်းစပ်လုပ်ဆောင် သွားရင် အနည်းဆုံး အရင်းလောက်တော့ကျန်နိုင်တယ်။ အခန်းအရေအတွက်ကိုလည်း ထောင်၊ သောင်း အထိဖော်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်"ဟု အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောဆိုသည်။

အဆိုပါစီမံကိန်းမှာ ဒဂုံ(ဆိပ်ကမ်း)မြို့ နယ်တွင်ပြုလုပ်လျက်ရှိပြီး ပထမဆုံးအနေ ဖြင့် ၁၈၃ ဧကပေါ်တွင် တိုက်ခြောက်ခန်းတွဲ၊ ခြောက်ထပ်၊ အလုံးရေ ၁၀ လုံးခန့် စတင် ဆောက်လုပ်မည်ဖြစ်ပြီး အခန်းပေါင်း ၅၀ဝ ခန့်မျှော်မှန်းထားကြောင်းနှင့် အသင်းအနေဖြင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တင်ဒါပေးသည့် သဘောလုပ်ကိုင်နေပြီး နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို အငြိမ်းစားဝန်ထမ်းများအားပေးအပ်မည်ဖြစ်သည်။
 
မဲစနစ်ဖြင့်ရောင်းမည်
 
အိမ်ရာလျှောက်ထားလိုသူများ အနေဖြင့် သက်ဆိုင်ရာဌာနများသို့စာရင်းပေးပြီး လျှောက်ထားနိုင်ကြောင်းနှင့် အခန်းလုံလောက်မှုရှိပါက မဲနှိုက်ယူရသည့်စနစ်ရှိမည်မဟုတ်ဘဲ အခန်းလုံလောက်မှုမရှိပါက မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဖော်ဆောင်

 အဆိုပါစီမံကိန်းကို အစိုးရချပေးသည့် ဘတ်ဂျက်ဖြင့်သာ လုပ်ကိုင်သောကြောင့် ဘတ်ဂျက်ပေါ်မူတည်၍ စီမံကိန်းပြီးစီးနိုင်ပြီး ယင်း ၁၈၃ ဧက၏ ၂၅ ဧကသာ ဝန်ထမ်း အိမ်ရာဖော်ဆောင်မည်ဖြစ်ကာ ကျန်မြေဧကများအား လုပ်ငန်းရှင်များနှင့် တန်ဖိုးနည်းအိမ်ရာဖော်ဆောင်နိုင်ရန် ပေးအပ်မည် ဖြစ်သည်။
 
စီမံချက်

 ရန်ကုန်မြို့အိမ်ရာလိုအပ်ချက်ကို အစိုးရက ဦးဆောင်လုပ်ကိုင်မှသာ အောင်မြင်နိုင်ကြောင်းနှင့် အစိုးရအဆက်ဆက် စီမံချက်ထားဆောင်ရွက်ရန်မျှော်လင့်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။

Public Housing Read 88 times