Chris Evans ရဲ့ သဘာဝ အလှတရားကို ကြည့်နိုင်တဲ့ နေအိမ်ကြီး


01 March, 2020

ဒီတစ်ခါမှာတော့ မာဘယ် သရုပ်ဆောင်တွေထဲမှာ Captain America အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Chris Evans ရဲ့ နေအိမ်ကြီအကြောင်းကို ရေးသားဖော်ပြမှာဖြစ်ပါတယ်။

Hollywood ရဲ့ A - List Celebrity တစ်ဦးဖြစ်တဲ့ Chris ဟာ တကယ့်ကို ပီပြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတာသင်တို့သိကြမှာပါ။

 

Chris ဟာသူ့ဝင်ငွေတွေကို တန်ဖိုးကြီးကားတွေစုတာရယ် နောက်တန်ဖိုးကြီးနာရီတွေစုတဲ့အလုပ်ကလွဲရင်တခြားဘာမှမသုံးစွဲသူပါ။

 

သူ့မှာ 50 $ millions ကျော်ကျော်ရှိနေတယ်သိရပါတယ်။သို့ပေမဲ့Chris က ရှိကြောင်းမကြွားဝါတတ်သူပါ။တကိုယ်ထဲသမားဖြစ်တော့ ပိုစုမိတာပေါ့။ယခု သူဝယ်ထားတဲ့ နေအိမ်ကြီးကတော့ ၃.၅ မီလီယံတန်တယ် သိရပါတယ်။

 

Chris ဟာ Hollywood မှာကောင်းတဲ့ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ထားပါတယ်။နောက် UK မှာလည်း Chris ရဲ့အိမ်တစ်လုံးရှိပါသေးတယ်။Chris ရဲ့စည်းစိမ်တွေကအတော်များပါတယ်။

 

Chris ရဲ့လော့အိမ်ဂျလိစ့် မြို့က အိမ်ကြီးမှာ လေသာဆောင်ပါရှိပြီး လှမ်းကြည့်ရင် Hollywood ဆိုင်းဘုတ်ကြီးမြင်နေရတာပါတယ်။

 

ဧည့်ခန်းကျယ် ၁ ခန်း,အသံသွင်းတဲ့အခန်းနဲ့ , Game ဆော့တဲ့အခန်း , မီးဖိုဆောင်ကောင်းကောင်းပါရှိပြီး , သူ့ခွေးလေး Doger ဖို့ အခန်း ၁ ခန်းထားရှိပါတယ်။

 

ဇိမ်ခံဆိုဖာတွေရှိပြီးဧည့်ခန်းမှာ သူ့ရဲ့ထွက်သမျှ Marvel ရုပ်ရှင်တွေရဲ့ poster တွေကိုချိတ်ဆွဲထားပါတယ်။အတော်ကိုမိုက်နေတာပါ။

 

တစ်ခါတစ်လေ အသောက်အစားလည်း ရှိသူမို့ Mini Bar လည်းထားရှိပါတယ်။နောက် Dance floor ပါထားရှိပါသေးတယ်။

 

အိမ်ရဲ့ အပြင် ဘက်မှာ ထိုင်ခုံတွေရဲ့ ကျကျနန ဆောက်လုပ်ထားတဲ့ မီးဖိုရှိပါတယ်။ကုန်းမြင့်ပေါ်မှာဆောက်ထားတဲ့ အိမ်ဖြစ်တာမို့အတော်လေး ရှုခင်းလှပါတယ်။

 

အိမ်ရဲ့ အပြင်ဘက်မှာ ရေကူးကန်ရှိပါတယ် ကားပါကင်က ကားအနည်းဆုံး အစီး ၁၀ စီးထပ်မနဲရပ်လို့ရပါတယ်။အိမ်ပတ်ပတ်လည် Auto Alarm System နဲ့ပါ။

 

Chris ဟာ မိဘတွေနဲ့အိမ်ခွဲနေတာကြာပါပြီ အဲ့ဒီအိမ်အကျယ်ကြီးမှာ သူတစ်ယောက်ထဲနေပါတယ်။ပိတ်ရက်တွေကျ သူ့မိသားစုဝင်တွေလာလေ့ရှိပါတယ်။

 

အိမ်အကျယ်ကြီး နေတဲ့ရယ်ရွယ်ချက်က အိမ်မှာ party ကြီးကြီးပေးရအောင်ပါတဲ့။Chris ဟာဧည့်သည်မက်သူဖြစ်ပြီး ဧည့်သည်မျှော်နေတတ်သူပါတဲ့။

Global Read 36 times